အခန်း-(၄၂) နောက်အဖြစ်အပျက်

191 40 5
                                        

Zawgyi

အခန်း-(၄၂) နောက်အစ်ြပျက်

နျွယ့်ကျွမ်းမျက်နှာက ကျွန်မမျက်နှာနား နီးသထက်နီးကပ်လာပါတယ်။သူ့ရဲ့နှုတ်ခမ်း‌က ကျွန်မနှုတ်ခမ်းထောင့်စွန်းနားမှာတန့်နေပြီး သူ့ပါးပြင်ကလည်း ကျွန်မပါးပြင်နဲ့ရှပ်ထိသွားပါတယ်။အထူးသဖြင့် သူ့မျက်ဝန်းတွေက ကျွန်မ မမြင်ရလောက်အောင် အရမ်းကိုနီးကပ်လာပြီး သူ့ရဲ့ ပွင့်လာတဲ့နှုတ်ခမ်းတွေကလည်း ကျွန်မနှုတ်ခမ်းနားရှိနေတာကိုပဲ ကျွန်မခံစားနေရတာပါ။ပြောရရင် စောစောက ကျွန်မနှုတ်ခမ်းပေါ်ကပ်ကျန်နေတဲ့ ရေစက်လေးနှစ်စက်တောင် သူ့နှုတ်ခမ်းနဲ့ထိတော့မဲ့ပုံပါပဲ။

ကျွန်မရင်တွေ ဝုန်းဒိုင်းကြဲခုန်ပြီး မူးမေ့ချင်လာပါပြီ။မခုန်နဲ့လို့ကျွန်မတိတ်တိတ်လေး ကျိန်ဆဲမိတယ်။ပြီးတော့ ဒီအခြေအနေက ဘာဆက်ဖြစ်လာမလဲဆိုတာ ကျွန်မတကယ်မတွေးရဲတော့ပါဘူး။

နျွယ့်ကျွမ်းက သူ့လက်နှစ်ဖက်နံရံမှာထောက်ထားတဲ့ကြားထဲ ကျွန်မကိုထပ်ဆွဲညှပ်လိုက်ပြန်တယ်။သူက သူ့နှုတ်ခမ်းကို နည်းနည်းစောင်းလိုက်ပြီး‌တော့ ကျွန်မနှုတ်ခမ်းပေါ်က ရေစက်လေးတစ်စက်ကိုထိလာပါတယ်။ပြီးတော့ သူ့ရဲ့ အရိုင်းဆန်ဆန်နှုတ်ခမ်းတွေနဲ့ ရေစုပ်တဲ့အဝတ်လိုမျိုး ကျွန်မနှုတ်ခမ်းပေါ်ကရေ‌စက်တွေကို ချက်ချင်းစုပ်ပစ်‌လိုက်တယ်။

ကျွန်မ မျက်လုံးတြွေပူးကျယ်လာပြီး နောက်ဆုံးမှာတော့ လက်ကို ကျွန်မရင်ဘတ်ပေါ်ထပ် တင်ထားရင်း ကျွန်မရင်ခုန်သံတွေငြိမ်အောင် မနည်းကြိုးစားလိုက်တယ်။ကျွန်မနှုတ်ခမ်းတွေ တုန်ယင်နေတာကို သူက ဂရုမစိုက်ပါဘူး။သူက ကျွန်မကို နွေးထွေးတဲ့အငွေ့အသက်တွေပါတဲ့ အကြည့်နဲ့ ရွှန်းရွှန်းစားစားစိုက်ကြည့်နေတာပါ။

ကျွန်မ စကားပြောဖို့ရာအတွက် နှုတ်ခမ်းတွေကို ဖွင့်လိုက်ရုံပဲရှိသေး သူအကြည့်တွေက ကျွန်မနှုတ်ခမ်းပေါ်ထပ်ရောက်လာသလို သူ့နှုတ်ခမ်းကလည်း ကျွန်မနှုတ်ခမ်းပေါ် ချက်ချင်းဖိကပ်လာပါတယ်။တကယ့်ကို လုံးဝ ဖွဖွလေး ထိရုံလေး ဖိကပ်လာတယ်‌ဆိုပေမဲ့ ပြင်းထန်တဲ့ ရင်တုန်မှုတစ်ခုက ကျွန်မနှုတ်ခမ်းကနေ ရင်ဘတ်ထဲထိရောက်လာပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now