အခန်း-(၅၄) ကမောက်ကမ နှလုံးသား

166 31 0
                                        

Zawgyi


"အဲ့တာတွေ ခဏဘေးဖယ်ထားလိုက်ဦး လီရှန်း ပြောရရင် ငါတို့မှာ သူတို့ကို လိုက်ရှာနိုင်မဲ့ နည်းလမ်းမရှိသေးဘူး ဒါ့အပြင် ကျဲပနဲ့ ဆုန်းလုတို့ကိုလည်း ငါစိတ်ပူမိတာကြောင့် ငါတို့တွေ အရင်ပြန်သင့်တယ်လို့ မထင်ဘူးလား နောက်ပြီး ဟွမ်ချင်းကိုလည်း ငါတို့တွေ မေ့ထားလို့မရဘူး....သူ့ကိုလည်း လေစီးကြောင်းထဲကနေထုတ်ပေးဖို့လိုသေးတယ်"

နျွယ့်ကျွမ်းပြောတဲ့နည်းလမ်းက အမှန်ဆုံးဆိုပေမဲ့ ဒီကကိစ္စတွေကို တန်းလန်းထားခဲ့ရမှာတော့ ကျွန်မစိတ်မဖြောင့်ပါဘူး။ဒါကြောင့် အကျပ်ရိုက်နေတဲ့ အခြေအနေကြားကနေ ကျွန်မ ကျောက်Sဘက်လှည့်ကြည့်မိတယ်။

"နျွယ့်ကျွမ်း...ရှင်ပြောတာမှန်တယ် ကျွန်မတို့တွေ အရင်ဆုံးပြန်သင့်တာပဲ လောလောဆယ် ဒီလိုအခြေအနေတွေနဲ့ဆိုရင် ကျဲပစီပြန်သင့်ရုံသာမက လိုအပ်ရင် ကျွန်မတို့ရဲ့ ခရိုင်တွေစီပါပြန်ရတော့မဲ့ပုံပဲ ပြောရရင် ကျွန်မတို့ခရိုင်တွေကော အန္တရာယ်ကင်း မကင်း မသေချာတော့တာကြောင့် ကျွန်မတို့တွေအလောတကြီးလုပ်မိမယ်ဆိုရင် သူတို့စီသွားပြီး တမင် အသေခံနေသလိုဖြစ်နေလိမ့်မယ်"

ကျောက်Sက နျွယ့်ကျွမ်းစကားကို တုံ့ဆိုင်းမနေဘဲ တည်တည်ငြိမ်ငြိမ် ဝင်ထောက်ခံလာတာပါ။

အနောက်ဘက် ခရိုင်ကိုပြန်ရမယ်တဲ့လား?ဟုတ်ပါရဲ့... အဘိုးအို ဖန်းနဲ့ တစ်ခြားလူတွေ ဘယ်လိုများနေနေကြပါလိမ့်နော်...ဒါပေမဲ့ လုရွဲ့ နဲ့ ယုလန်းကကော?

ကျွန်မ အံကို တင်းတင်းကြိတ်မိတယ်။ခုနေ အနောက်ဘက် ခရိုင်မှာ မရေမတွက်နိုင်တဲ့ အန္တရာယ်တွေ‌ဗြောင်းဆန်နေမယ်ဆိုတာ ကျွန်မတွေးကြည့်လို့ရတာကြောင့် ခေါင်းညိတ်ပြလိုက်တယ်။ပြန်ဖို့က တစ်ခုတည်းသော ရွေးချယ်စရာပဲမဟုတ်လား။

_

ကျွန်မတို့တွေ ကျောင်းဆောင်ပြန်ရောက်လာတဲ့ အခါကျ ကျဲပ ၊ ဆုန်းလုနဲ့ ကွမ်းနျွယ့်တို့က ဘယ်လိုအတိုက်အခိုက်မှ မခံထားရပါဘူး။ဆုန်းလုက အရင်လို သတိလစ်နေတဲ့ အခြေအနေပါပဲ။ကျောင်းဆောင်ရဲ့ ဓာတ်ခွဲခန်းကလည်း အရာအားလုံး ပုံမှန်အတိုင်းပါပဲ။ဘာမှထူးခြားဖြစ်စဉ်မရှိတာကြောင့် ကျဲပနဲ့ ကွမ်းနျွယ့်ကို ကျွန်မတို့ ဖြစ်စဉ်တွေ အားလုံးပြောပြလိုက်တော့တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Место, где живут истории. Откройте их для себя