အခန်း-(၁၃၄) မင်းသူ့ကို နက်နက်ရှိုင်းရှိုင်း ချစ်နေတာလား?

120 24 0
                                        

Zawgyi

အခန်း-(၁၃၄) မင်းသူ့ကိုက်က်ရှိုင်းရှိုင်း ချစ်တောလား?

"ဘာတွေစဉ်းစားစရာရှိလို့လဲ...မင်းသာ မီဖူကို လွှဲပေးလိုက်! ပြီးရင် စူလော်ကို သူ့အပေါ် သင်္ကေတတစ်ခု ရေးထွင်းခွင့်ပေးလိုက်ရင် ပြဿနာက ပြေလည်သွားပြီ"

ကောင်းချင်းကျုံယဲ့က စူးခနဲ တစ်ချက် ကြည့်လာပြီး ပြတ်ပြတ်သားပြောလာတာပါ။

ဒီတော့ စူလော်က ပြေပြစ်တဲ့ သူ့လက်ကို ဝှေ့ယမ်းပြလာတယ်။

"လီရှန်း...ကျောက်Sနဲ့ ဟွမ်ချင်းက စိတ်ဝိညာဉ်အသစ်ကို ရှာတွေ့နိုင်မယ်လို့ မင်းထင်နေတာလား ဒါမှမဟုတ် မင်းငါ့ကိုကယ်ဖို့ တခြားနည်းလမ်းရှာနိုင်မယ်လို့ မင်းထင်နေတာလား"

ဒီမေးခွန်းက အထူးအဆန်းပါပဲ။

ရှင့်ကိုကယ်တင်ဖို့ တခြားနည်းလမ်းတွေကို ကျွန်မက ဘယ်လိုသိမှာမို့လဲ? ပြောရရင် တားမြစ်ဇုန်မှာ ရှင့်လိုဝိညာဉ်ခွဲထုတ်သူတွေ ဘာတြွေဖစ်နေလဲဆိုတာ ကျွန်မတောင်မသိဘူး?

ကျွန်မ အေးဆေးပဲ ပြုံးပြလိုက်တယ်။ 

"စူလော်...ရှင်က ကျွန်မတို့ ကယ်တင်တာခံချင်တာလား? ကျွန်မတို့က ရှင့်ကို ကယ်တင်ဖို့ နည်းလမ်းရှာနိုင်မယ်လို့ ထင်နေတာလား? ရှင်သာ တကယ်သေချင်နေမှတော့ ကျွန်မတို့ကဘယ်လိုကယ်တင်ပေးနိုင်မှာလဲ?-

ပြောရရင် ကျွန်မ စိတ်ထဲ ရှင်ဝင်ကြည့်ခဲ့တုန်းက ပြောခဲ့သလိုပေါ့ 'မင်းနှလုံးသားထဲမှာ သေနေပြီသားဆိုရင် သူ့ကို ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး...'ဆိုတာလေ အခုလည်း အဲ့စကားနဲ့ အတူတူပါပဲ!

ရှင်သေချင်နေမှတော့ ကျွန်မတို့ဘာမှလုပ်ပေးလို့မရဘူး ဒါပေမဲ့ ရှင့်ရဲ့သစ္စာရှိတဲ့ ကောင်းချင်းက ကျွန်မအပေါ်အပြစ်လာတင်နေလိမ့်မယ်...ကျွန်မပြောတာ အဲ့လောက်ထိ‌‌တော့ မမှားဘူး မဟုတ်လား"

ကျွန်မ ပြောခဲ့တာရဲ့ အဖြေရဖို့ ကျောက်Sနဲ့ ကောင်းချင်းကျုံယဲ့နှစ်ယောက်လုံးကို စူလော်ဘက် မျှော်ကြည့်ခိုင်းမိသလိုပါပဲ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now