အခန်-(၂၀)အဆုံးမဲ့အမှောင်ထုနဲ့ အမှီအခိုကင်းမှု

204 36 0
                                        

Unicode

နယ်စပ်မျဉ်းကို ဖြတ်လာပြီးတာနဲ့ တစ်ပြိုင်နက် ကျွန်မဘေးနားကလူတွေ အားလုံးပျောက်ကုန်ပါတယ်။ကျွန်မပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ တောအုပ်ထဲမဟုတ်ဘဲ ကျယ်ပြန့်တဲ့ ကစားကွင်းတစ်ခုထဲရောက်နေပါတယ်။ဒီနေရာက တောင်ဘက်ခရိုင်ရဲ့ ပုံရိပ်ယောင်နယ်မြေဖြစ်ရမယ်ဆိုတာ ကျွန်မချက်ချင်းသိလိုက်တယ်။ပြောရရင် အိပ်မက်နယ်မြေလိုနေရာမှာပါ။

ကျောက်Sနဲ့ ကွမ်းနျွယ့်ရဲ့စကားတွေကို သတိရပြီး ကျွန်မ ကွင်းထဲမှာ ဂရုတစိုက် လျှောက်လာလိုက်တယ်။ဒါက ပုံရိပ်ယောင်နေရာဆိုရင် ကျွန်မက ဘယ်လိုလူမျိုးလဲဆိုတာ ဆုံးဖြတ်နိုင်ဖို့ ဒီနေရာမှာပေါ်လာမဲ့အရာက ဘာတွေများဖြစ်မလဲ?ကျွန်မကိုယ်တိုင်တောင် တွေးကြည့်လို့မရပါဘူး။ပြောရရင် အတိတ်တုန်းက ကျွန်မချစ်ရတဲ့ စီနီယာ ကောင်းချီကို ဘာကြောင့် နာကျင်အောင်လုပ်မိလဲဆိုတာ နားမလည်ခဲ့သလို နှစ်ကြာလာပြီးတဲ့ ခုလိုချိန် ကျွန်မနှလုံးသားထဲမှာလည်း ဘာခံစားချက်တွေရှိနေမှန်း တကယ်မသိတော့ပါဘူး။

အထူးသဖြင့် ကျွန်မ တားမြစ်ဇုန်ရောက်လာပြီးထဲကနေ ကျွန်မစိတ်ကွဲက နျွယ့်ကျွမ်းနဲ့ ချိတ်ဆက်သွားခဲ့ပြီမို့ ကျွန်မစီမှာ မူမမှန်တဲ့ လက္ခဏာမရှိခဲ့ပါဘူး။ပြောရရင် ဒီနေရာမှာ ကျွန်မရဲ့စိတ်ကွဲမပေါ်လာခဲ့တာမို့ ကျွန်မရဲ့ဖြစ်တည်မှုက ပြီးပြည့်စုံမှုမရှိခဲ့ပါဘူး။ဒါဖြင့် ခုလိုပုံရိပ်ယောင်အခြေအနေက ကျွန်မ နှလုံးသား နက်ရှိုင်းတဲ့နေရာက တကယ့်ခံစားချက်တွေကို ပြန်ခံစားစေနိုင်မှာတဲ့လား။ကျွန်မ အားရပါးရ ရယ်မိတယ်။ကျွန်မ နှလုံးသားထဲရှိနေတဲ့ အရာကို ကျွန်မလည်း မြင်ချင်ပါရဲ့။

"အားရှန်း...."

ရင်းနှီးနေတဲ့ အသံတစ်ခု ကျွန်မနောက်ဘက်ကနေ ကြားလိုက်ရတယ်။ကျွန်မ မျက်လုံးတွေ ပြူးကျယ်လာတယ် အဲ့တာက တကယ်ပဲသူ ဖြစ်နိုင်လို့လား....ကျွန်မ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်တယ်။

ကျွန်မ မှတ်မိနေခဲ့တဲ့ ရှပ်အင်္ကျီအဖြူ ၊ အနက်ရောင် ဂျင်းဘောင်းဘီနဲ့ အဝါရောင်တောက်တောက် စနိကာ ဖိနပ်တွေကို မြင်လိုက်ရတယ်။နွေးထွေးသလိုလို ရက်စက်တဲ့လူဆိုးလိုလို နားလည်ရခက်တဲ့အပြုံးနဲ့သူက ကျွန်မကို စိုက်ကြည့်နေပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Opowieści tętniące życiem. Odkryj je teraz