Zawgyi
အခန်း-(၁၄၀) နံရံတွေမှာ မျက်လုံးတွေရှိတယ်
ထောင်လဲ့နဲ့ မူလိတို့ရောက်လာပြီး ကျဲပနဲ့ ကိစ္စတွေ ဆွေးနွေးအပြီးမှာ အနောက်ဘက်ခရိုင်ကနေ ကျွန်မရယ် စူလော်နဲ့ကျောက်Sတို့အားလုံး ထွက်ခွာခဲ့တယ်။
စူလော်က အပြေးအလွှားသွားရတာ မကြိုက်ပုံပေါ်လို့ ကျွန်မတို့တွေ တော်ရုံတန်ရုံ အရှိန်နဲ့ပဲ ပြေးလာခဲ့ကြတယ်။
ကျွန်မတို့ ခရီးတလျှောက်လုံးမှာ တိတ်ဆိတ်မှုက ကျွန်မကို နည်းနည်းမှိုင်တွေစေခဲ့တယ်။ပြောရရင် ကျွန်မတို့အဖွဲ့ရဲ့ပေါင်းစပ်မှုက အတော်လေးကို ထူးဆန်းတယ်လို့ ကျွန်မခံစားမိတယ်။ကျောက်Sနဲ့စူလော်၊ စူလော်နဲ့ ကောင်းချင်းကျုံယဲ့ ၊ ကောင်းချင်းကျုံယဲ့နဲ့ ကျွန်မ။
ဘယ်လိုပဲ အဖွဲ့ဖွဲ့နေပါစေ ကျွန်မတို့လေးယောက် အတူတူရှိနေတာတော့ အတော်လေးကို တုန်လှုပ်စရာပါပဲ။
ကောင်းချင်းကျုံယဲ့က တလျှောက်လုံး အေးစက်တဲ့ အမူအရာဖြစ်နေပါတယ်။ကြည့်ရတာ သူက ကျောက်Sအပေါ် အမြဲတမ်း ရန်လိုနေတဲ့စိတ်ကြောင့်လား? ဒါမှမဟုတ် မီဖူရုတ်တရက် ပျောက်ဆုံးသွားခဲ့တာကြောင့် စူလော်ရဲ့ အခြေအနေအတွက် သူစိုးရိမ်လာတာလည်း ဖြစ်နိုင်ပါတယ်။
ကျွန်မတို့ အနောက်ဘက်ခရိုင်ကိုဖြတ်ပြီး ကျောက်Sရဲ့ အရှေ့ဘက်ခရိုင်က နယ်စပ်သစ်တောကို ရောက်ပြီးတော့ နောက်ဆုံးမှာ အဖွဲ့ထဲက တစ်ယောက်ယောက်က စကားပြောလာခဲ့ပါတယ်။ပြောရရင် စူလော်ကစကားစပြောလာတာပါ။
စူလော်ရဲ့ရှည်လျားတဲ့ ငြွေဖူရောင်ဆံပင်တွေက သူပြေးလာတဲ့ချိန် ပြီးပြည့်စုံတဲ့ ပြိုးပြိုးပြက်ပြက် ငွေရောင်ဖြစ်နေပြီး သူရပ်လိုက်တဲ့အချိန်မှာတော့ သူ့ဆံပင်တွေက သူ့ပခုံးပေါ်လျှောကျလာတာကို ကျွန်မအကြည့်မခွာနိုင်ဖြစ်နေမိတယ်။
သူက နောက်ပြန်လှည့်ပြီး ကျောက်S ကို ပြုံးပြရင်းပြောလာတယ်။
"အရှေ့ဘက်ခရိုင်က မင်းရဲ့ အမိန့်အောက်မှာ အမြဲတမ်း စည်းစနစ်တကျရှိနေတာပဲ"
ကျောက်Sရဲ့ မျက်ဝန်းထဲမှာ တစ်စုံတစ်ခု ဖြတ်ပြေးသွားခဲ့ပေမဲ့ သူမ မတုံ့ပြန်ခဲ့ပါဘူး။စူလော်ပြောပြီးတာနဲ့ ပင့်ကူလူသား ငါးယောက်က ကျွန်မတို့ရှေ့က သစ်ပင်ပေါ်ကနေ ခုန်ချလာတယ်။
ESTÁS LEYENDO
တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]
TerrorTitle : Split Zone 13 ( 禁裂区13号 ) Author : Yu Wei ( 虞薇 ) Raws : 17K 小说作品翻译自ChineseAll中文在线 17K小说网 Status in COO : 323 Chapters (com) English Publisher : Volare Novels Translated by : Hilda Eng-translation Authors : may...
![တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]](https://img.wattpad.com/cover/309949187-64-k442962.jpg)