အခန်း-(၄၃) ရှင်မြင်နေရတာက အမှန်တရားမဟုတ်ဘူး

180 36 0
                                        

Zawgyi

အခန်း-(၄၃) ရှင်င်ြနေရတာက အမှန်တရားမဟုတ်ဘူး

ကျဲပရဲ့ အမြော်အမြင်ရှိမှုနဲ့ ဆင်ခြင်နိုင်စွမ်းရှိမှုကို ကျွန်မယုံကြည်ခဲ့တယ်။သူက ဘယ်အရာမှာမဆို အမြဲ ယုတ္တိရှိရှိ ကောက်ချက်ချနိုင်စွမ်းရှိတဲ့သူလည်းဖြစ်လို့ပါ။

တွေးနေရင်းကနေ ကျွန်မလည်း ဝင်ပြောဖို့ဆုံးဖြတ်လိုက်တယ်။

"တရားခံက ပုန်းနေတုန်းဆိုတော့ အရင်ဆုံး ကျွန်မတို့တွေ စိတ်အေးအေးထားသင့်တယ်ထင်တယ် ပြီးမှသေဆုံးသွားတဲ့လူတွေရဲ့ သွေးထဲမှာ ဆုန်းလုလို သွေးရောပြီး စမ်းသပ်ခံထားရတာ ရှိမရှိကို ကျဲပကလိုက်စစ်ဆေးကြည့်ပေးပါ ပြီးတော့ ကောင်းချင်းကျုံယဲ့...ရှင်စိတ်မရှိဘူးဆိုရင် ကျဲပနဲ့အတူ လိုက်ကူညီပေးလိုက်ပါလား-

ပြောရရင် အခုသေဆုံးမှုတွေက ရှင်တို့ တောင်ဘက်ခရိုင်က လူတြွေဖစ်နေကြ‌တဲ့အပြင် ခရိုင်မှူး စူလော်ကလည်း ဒီလိုအချိန်မှာ ရှေ့မထွက်လာနိုင်သေးဘူးဆိုတော့ ရှင်ကပဲ ခရိုင်မှာနေထိုင်သူတွေ ကြောက်နေတာ စိတ်ငြိမ်‌သွားအောင် ရှေ့ထွက်ပေးသင့်တယ် မဟုတ်လား...နျွယ့်ကျွမ်း ၊ကျွန်မနဲ့ ကျောက်Sတို့ကတော့ တရားခံပျောက်သွားတဲ့နေရာကို သွားရှာကြည့်လိုက်မယ်"

ကောင်းချင်းကျုံယဲ့က ကျွန်မပြောတာကို သဘောတူတယ်ဆိုတဲ့အကြည့်နဲ့ တစ်ချက်ကြည့်လာတယ်။

အဲ့နောက် ကျောက်Sကို ကျွန်မနောက်လိုက်ခဲ့ဖို့ခေါ်လိုက်တယ်။ပြီးတာနဲ့ ကျွန်မတို့တွေ ကျောင်းအဆောက်အအုံနားက တောအုပ်ထဲစပြေးလာခဲ့ကြတယ်။နျွယ့်ကျွမ်းနဲ့ ကျောက်Sတို့က ဒေါက်ဖိနပ်နဲ့အရှိန်ပြင်းပြင်းပြေးနေတဲ့ ကျွန်မနောက်‌က ပြေးလိုက်လာကြတာပါ။

ခဏအကြာ တောအုပ်ထဲရောက်လာတဲ့ချိန် ကျွန်မနောက်ပြန်လှည့်ကြည့်မိတော့ ကျောင်းဆောင်ကို မမြင်ရတော့ပါဘူး။ကျွန်မမြင်နေရတာက မှောင်မိုက်နေတဲ့ ညကောင်းကင်အောက်မှာ အထပ်လိုက်ပေါက်နေတဲ့ သစ်ပင်တွေပါ။ကျွန်မလျှောက်နေတာ ရပ်ပစ်လိုက်တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now