အခန်း-(၂၄)အံ့အားသင့်ဖွယ်ဝိညာဉ်ခွဲထုတ်သူပေါ်လာတာလား

194 32 0
                                        

Unicode

‌ဆိုင်အပြင်ဘက်ရောက်လာတဲ့ခါကျမှ လူတွေအများကြီးက အံ့ဩပြီး သံသယဝင်‌နေကြတဲ့ မျက်လုံးတွေနဲ့ ကျွန်မတို့ကို ကွက်ကြည့်ကွက်ကြည့်လုပ်နေမှန်းတွေ့ရတော့တယ်။အဲ့လိုအာရုံစိုက်ခံရတာက ကောင်းတဲ့ကိစ္စမဟုတ်တာကြောင့် ကျွန်မ မျက်ခုံးပင့်မိတယ်။

ကျဲပက လျှောက်လာရင်း သူတွေးနေတာကို ပြောလာတယ်။

"ကူဖေးရဲ့ကျောက ဒဏ်ရာက နာကျင်မှုကိုတိုးစေရုံသာမက လက်နက်မှာ ပါဝင်တဲ့ အဆိပ်ကိုပါစွဲလမ်းသွားစေနိုင်ပါတယ် အဲ့ဒီအဆိပ်က အရမ်းကြောက်စရာကောင်းတဲ့အပြင် သူ့ရဲ့အသိစိတ်(ဝိညာဉ်)ကိုပါ ထိခိုက်စေနိုင်ပါတယ် ပြောရရင် အဲ့တာက ကုရတာအရမ်းခက်မှာဗျ"

"အဆိပ်ဖြေဆေးရဖို့ဆိုတာလည်း မလွယ်ဘူးမဟုတ်လား"

ဘေးနားလျှောက်နေတဲ့ ယုလန်းက ဝင်မေးလိုက်တယ်။

"ဆိုင်တော်တော်များများမှာတော့ ဖြေဆေးမရှိတဲ့ပုံဘဲ ကြည့်ရတာ အဲ့ဒီမိန်းကလေး‌ရဲ့နောက်ခံကလည်း တော်ရုံတန်ရုံမဟုတ်တဲ့ပုံဘဲဗျ"

ကျွန်မ သက်ပြင်းချမိတယ်။

"ကူဖေးကလည်း ကျွန်မတို့ကို ကူညီခွင့်မပေးတာ တော်တော်ဆိုးတာဘဲနော်"

ကျွန်မပြောတာကြားပြီး ကျောက်Sက လှောင်‌ရယ်လာတယ်။

"စူလော်ရဲ့လက်အောက်မှာ အရမ်းအားကောင်းတဲ့ လူသုံးယောက်က ပုံရိပ်ယောင်သမား ဟွမ်ချင်းရယ် ဝိညာဉ်လုယူသူ ရုံကျင့် နဲ့ စိတ်ညို့တတ်တဲ့ ကောင်းချင်းကျုံယဲ့ဆိုတာပဲ ဒီနေရာမှာ တကယ်လို့ နင်မဟုတ်ဘဲ လီချင်းသာရှိနေမယ်ဆိုရင်လည်း သူတို့သုံးယောက်နဲ့ ရင်ဆိုင်နိုင်ဖို့ဆိုတာ စိုးရိမ်နေရမဲ့အရာပဲ"

ကောင်းချင်းကျုံယဲ့ နာမည်ကြားလိုက်ရတော့ ကျွန်မနည်းနည်း လန့်သွားမိတယ်။ခေါင်းတွေငုံ့ချလိုက်ပြီး ရေရွတ်မိတာက

"ကောင်းချင်းကျုံယဲ့က စိတ်ညို့တတ်တဲ့သူတဲ့လား...."

ကျောက်Sက ကျွန်မထူးဆန်းနေတဲ့ အမူအရာကို သတိမထားမိဘဲ ခေါင်းညိတ်ပြပြီး ဆက်ပြောပြလာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now