အခန်း-(၁၆) လူချောလေး ကွမ်းနျွယ့်

213 35 0
                                        

Unicode

ကျွန်မတို့အပါအဝင် ထွားကျိုင်းတဲ့ ထောင်လဲ့ရဲ့ ခန္ဓာကိုယ်ကြောင့် ဓာတ်လှေကားက လူခုနှစ်ယောက်နဲ့တင် ပြည့်သွားပါတယ်။အိမ်ရာနေထိုင်သူတွေက ဓာတ်လှေကားသုံးဖို့လာတဲ့ချိန် ထောင်လဲ့နဲ့ မူလိတို့ကိုမြင်ပြီး တစ်ခြားဓာတ်လှေကားပဲပြောင်းသုံးကြပါတယ်။ဓာတ်လှေကားက 27 လွှာမှာရပ်သွားတာမို့ ကျွန်မတို့အားလုံး အပြင်ထွက်ခဲ့ကြတယ်။

"ငါတို့ခရိုင်မှူးက အထပ် 30 မှာနေတာ မို့ အားလုံး 27 လွှာက စပြီးလမ်းလျှောက်ပေးကြပါ အားနာပေမဲ့ လီရှန်းလည်း လမ်းလျှောက်လာရပါမယ်"

ကျွန်မ တက်တက်ကြွကြွနဲ့ ခေါင်းညိတ်ပြလိုက်တယ်။အဲ့ဒီ နတ်ဆိုးမ ကျောက်Sနဲ့ မြန်မြန်တွေ့ရမဲ့အစား လှေကားထစ်တွေတက်နေရတာက ပိုတောင်ကောင်းသေးတာမို့ပါ။

လှေကားတက်နေရင်း ကျွန်မနောက်ပြန်လှည့်ကြည့်မိတယ်။ 27 လွှာ စင်္ကြံလမ်းက တစ်ဖက်တစ်ချက်စီမှာ အဆုံးမရှိတဲ့ အခန်းတွေနဲ့မို့ အနောက်ဘက်ခရိုင်နဲ့တောင် တူပါတယ်။ပြီးတော့ အပ်ကျသံတောင် ကြားနိုင်လောက်အောင် တိတ်ဆိတ်နေတဲ့နေရာပါ။

"27 လွှာက အိမ်ရာတွေက ရှင်တို့ရဲ့ S အဖွဲ့ဝင်ထဲက အဆင့် G ကနေ C ထိရှိတဲ့ အရာရှိတွေရဲ့အိမ်ရာလား"

ကျွန်မ အရမ်းသိချင်လာလို့ ထောင်လဲ့ကို လှမ်းမေးလိုက်တော့ သူက ချက်ချင်းဖြေလာပါတယ်။

"မဟုတ်ပါဘူး 27 လွှာက အဆင့် C အဖွဲ့ဝင်တွေပဲနေကြတဲ့ အိမ်ရာပါ"

ဒါဖြင့် 28 လွှာက အဆင့် B အဖွဲ့ဝင်တွေနေကြတာ‌နေမှာ။အဆင့် C အဖွဲ့ဝင်တွေက သိပ်အများကြီး မရှိလောက်ဘူးလို့ ကျွန်မထင်တယ်။ပြီး‌တော့ အဆင့် B အဖွဲ့ဝင်ကလည်း ခုနှစ်ယောက်ပဲရှိတာကိုမှ ငါးယောက်က သေသွားတော့ နှစ်ယောက်ပဲကျန်မှာပါ။

သူတို့အိမ်ရာကြည့်ရတာလည်း တစ်ထပ်ကို လူခုနှစ်ယောက်ပဲ နေကြပုံပဲ။နေပါဦး 29 လွှာကကော? A အဆင့် အဖွဲ့ဝင် သုံးယောက်ပဲ သီးသန့်နေကြတာလား? အောင်မလေး ဒီလောက်နေရာအကျယ်ကြီးမှာ လူသုံးယောက်ပဲနေကြတာတဲ့လား?ပြောရရင် တစ်လွှာချင်းစီမှာ လူတွေ သောင်းချီ ရာချီနေနိုင်တာကို သူတို့က လူနည်းနည်းလေးနေဖို့အတွက်ပဲ သုံးကြတာလား?ဒါမှမဟုတ် သူတို့ S အဖွဲ့ဝင်ဆိုတာ အရေးကြီးတဲ့ အဖွဲ့ဆိုပြီး ကြွားချင်လို့များလား?

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now