အခန်း-(၁၉) ခက်ခဲလေးလံတဲ့ အပြစ်ဒဏ်

195 36 0
                                        

Unicode

ကောင်းကင်က လင်းစပြုလာတာနဲ့အမျှ ကျွန်မတို့လည်း နယ်စပ်မျဉ်းနားရောက်လာကြပါတယ်။နယ်စပ်မျဉ်းမှာ ကျောက်Sနဲ့ မုန်းစရာကောင်းတဲ့ ဝတ်ရုံဖြူနဲ့ကောင်လေး‌ကွမ်းနျွယ့်က စောင့်နေကြပါတယ်။ကွမ်းနျွယ့်ရဲ့ မျက်ဝန်းတွေက နျွယ့်ကျွမ်းကိုမြင်တာနဲ့ တလက်လက်တောက်လာပြီး ကမန်းကတမ်းပြေးလာတယ်။

"ငါလိုက်ဖို့ သဘောတူရတဲ့ တစ်ခုတည်းသော အကြောင်းအရင်းက မင်းလည်းသွားမယ်ဆိုလို့လေ"

နျွယ့်ကျွမ်းက မျက်တောင် တဖျတ်ဖျတ်ခတ်ရင်း ကွမ်းနျွယ့်ကို အေးအေးလူလူ ပြန်ပြုံးပြပါတယ်။ကျွန်မကတော့ သူတို့နှစ်‌ယောက်လုံး ဆေးမမှီတော့ပါလားဆိုတဲ့ အကြည့်နဲ့ကြည့်ရင်း မျက်စောင်းထိုးမိတယ်။

ကျောက်Sက ကျွန်မကို စိုက်ကြည့်ရင်း သတိပေးစကားမဟုတ်သလို သတိပေးတာကို ပေါက်ပေါက်ဖောက်သလို တရစပ်ပြောချလာတယ်။

"တောင်ဘက်ခရိုင်က နင်နဲ့ငါ့ခရိုင်လို မဟုတ်ဘူး ဒါကြောင့် ငါတို့မသွားခင် ရှင်းစရာရှိတာ ရှင်းထားရအောင်"

ကျန်တဲ့လူတွေအားလုံးကလည်း သူမစကားကို တိတ်တဆိတ်နားထောင်နေကြပါတယ်။ကျောက်Sက ကျွန်မကို ထပ်ကြည့်ရင်း အားလုံးကိုပါပြောလာတယ်။

"တောင်ဘက်ခရိုင်ကလူတွေက အားနည်းကြတဲ့လူတွေမို့ ခရိုင်မှူး စူလော်က သူတို့ကို ခုခံတိုက်ခိုက်လို့မရနိုင်တဲ့ ကာကွယ်ရေးစနစ်လုပ်ထားတယ် ဒါကြောင့်မို့ကျွန်မတို့ အဲ့နေရာရောက်တဲ့ခါ လုပ်ကြံသတ်ဖြတ်တာတွေဖြစ်လာမှာကို စိုးရိမ်စရာမလိုဘူးလို့ အားလုံးကိုပြောချင်တာပါ"

"ဘာကိုဆိုလိုချင်တာလဲဗျ"

ကျဲပက ရုတ်တရက်ဝင်မေးလာတယ်။

"ကျွန်မသိတာတော့ တောင်ဘက်ခရိုင်တောထဲမှာ တားမြစ်ဇုန်ရဲ့ အတော်ဆုံး ပုံရိပ်ယောင်ဖန်တီးနိုင်တဲ့ လူနဲ့ ထိပ်တန်းအဆင့်ကျွမ်းကျင်တဲ့ လူစွမ်းကောင်းတွေ ရှိနေတယ်ဆိုတာပဲ ပြောရရင် တောင်ဘက်ခရိုင်မျဉ်းကိုဖြတ်လိုက်တာနဲ့ ရှင်တို့ရဲ့ နှလုံးသားထဲမှာနက်နက်ရှိုင်းရှိုင်း ဆုပ်ကိုင်ထားတဲ့ စိတ်ကူးယဥ်အိပ်မက်ထဲ ရောက်သွားလိမ့်မယ် အထူးသဖြင့် လူသတ်ဖို့အကြံနဲ့လာကြတဲ့သူတွေတောင် တောင်ဘက်ခရိုင်တောထဲရောက်တာနဲ့ သူတို့ပုံရိပ်ယောင်အိပ်မက် လှည့်စားမှုကြောင့် မသတ်နိုင်ကြတော့ဘဲ ပြန်ပြန်ထွက်လာကြရတယ်"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Donde viven las historias. Descúbrelo ahora