အခန်း-(၅၃) ရုတ်တရက်ပြောင်းလဲသွားတဲ့ အခြေအနေ

165 34 4
                                        

Zawgyi

အခန်း-(၅၃) ရုတ်တရက်ပြောင်းလဲသွားတဲ့ အအြေေ

ကျွန်မ နည်းနည်း အံ့ဩသွားပြီး ဝမ်းသာသွားမိတယ်။ဒါပေမဲ့ တမင်မျက်မှောင်ကြုတ်ထားရင်းပဲ ပြောလိုက်တယ်။

"ရှင် ဘယ်ရောက်နေခဲ့တာလဲ? ရှင်သာ ဒီထက်ပိုပြီး စောစော ရောက်လာခဲ့မယ်ဆိုရင် ယုံချီကို ခုလိုလွှတ်သွားနိုင်စရာအကြောင်းရှိမှာ မဟုတ်ဘူး"

ကောင်းချင်းကျုံယဲ့က ကျွန်မကိုမျက်လွှာပင့်ကြည့်လာတယ်။

"ယုံချီ? မင်းရဲ့ ခရိုင်က မြွေမိန်းကလေးလား"

"အင်း...သူက ကျွန်မတို့ကို သစ္စာဖောက်သွားတယ်လေ ပြီးတော့ ရှင်ရဲ့ခရိုင်က ဝိညာဉ်လုယူသူ ရုံကျင့်နဲ့ပေါင်းပြီး စမ်းသပ်မှုတွေကို ကြံစည်နေတဲ့သူပဲ ပြီးတော့ ရှင်ထင်သလိုပဲ ဟွမ်ချင်းရဲ့ စိတ်စွမ်းအားတွေက သူတို့ကြောင့် လုံးဝကုန်သွားခဲ့ပြီ"

ကျွန်မ တိုတိုတုတ်တုတ်နဲ့ သူနားလည်အောင်ရှင်းပြလိုက်တယ်။

ကောင်းချင်းကျုံယဲ့က ဘာမှမထူးဆန်းသလို အမူအရာနဲ့ ရုံကျင့်ဘက်လှည့်ကြည့်တယ်။

"မင်းက ဟွမ်ချင်းကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီး ပျော်နေတာလား"

ရုံကျင့်ရဲ့ သရဲ‌လေသံက ပြန်ဖြေလာတယ်။

"မလုပ်ခဲ့ဘူး ငါ့တို့ ဆရာတူ တပည့်အချင်းချင်း ထိခိုက်အောင် မလုပ်နိုင်လို့ ငါဘာဆို ဘာမှမလုပ်ခဲ့ဘူး"

ဒီတော့ ကျွန်မ ထပ်ဝင်ပြောရတယ်။

"ဒီမယ်....ရှင်နဲ့ လက်တစ်ဖက်ထဲရှိတဲ့ မိန်းကလေးနဲ့ပေါင်းပြီး မီဖူကို ဖမ်းခေါ်သွားခဲ့တာမဟုတ်လား"

လက်တစ်ဖက်ထဲရှိတဲ့ မိန်းကလေး‌အကြောင်းပြောလိုက်‌တော့ ကောင်းချင်းကျုံယဲ့ရဲ့ မျက်ဝန်းတွေက ကျဉ်းမြောင်းလာတယ်။

ကျွန်မတောင် သူ့ပုံစံကြည့်ပြီး တုန်လှုပ်သွားတယ်။သူကတော့ ရုံကျင့်ရဲ့ အရိပ်ကိုပဲစိုက်ကြည့်နေပါတယ်။မီဖူအကြောင်း မေးရမဲ့အစား သူပြောလာတာက

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now