အခန်း-(၇၉) အိပ်မက်နယ်မြေသို့

138 26 0
                                        

Zawgyi

အခန်း-(၇၉) အိပ်က်ယ်သြေို့

ကျွန်မ အမြင်မှန်ရလာတာနဲ့ ဘာကိုမှ တဇွတ်ထိုး မလုပ်ဘဲ ငြိမ်နေတော့တယ်။

ကျွန်မစိတ်တွေ ကောင်းကောင်းမွန်မွန်နဲ့ ပြန်ပြီး‌တည်ငြိမ်လာတာကြောင့် ဘယ်လိုကြောက်စရာ အခြေအနေမဆို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်လာတယ်။

ဒီလိုနဲ့ သက်တောင့်သက်သာဖြစ်မဲ့ထောင့်နားသွားပြီး ထိုင်ချရင်း မျက်လုံးတွေ မှိတ်ပြီး နည်းနည်းလောက် အနားထပ်ယူဖို့လုပ်တယ်။ဒါပေမဲ့ ကျွန်မမျက်လုံးမှိတ်သွားတာနဲ့ ကောင်းကောင်း မနားနိုင်ဘဲ အိပ်မက်မက်ပြန်တယ်။

ဒီအိပ်မက်က အထူးခြားဆုံး အိပ်မက်တစ်ခုပါပဲ။ပြောရရင် ကျွန်မကိုယ် ကျွန်မ လက်တွေ့လိုလို ပါဝင်နေရလို့ပါ။အထူးသဖြင့် အရင်အိပ်မက်တွေလို ကျွန်မက တတိယလူနေရာကနေ ငေးကြည့်နေရတဲ့ အိပ်မက်မျိုးမဟုတ်ပါဘူး။ခုဟာက ကျွန်မကိုယ်တိုင် ဝင်ပါနေရတဲ့ အိပ်မက်မျိုးပါ။

အဲ့ချိန်မှာ လီချင်း ကျွန်မကို တစ်ချိန်က ပြောခဲ့တဲ့ စကားတွေကို သတိရလာတယ်။

"ဒီလိုတားမြစ်ဇုန်‌မှာ ငါတို့ရဲ့ အမှတ်တရတွေနဲ့ ထိတွေ့နိုင်တဲ့ တစ်ခုတည်းသော အချိန်က အိပ်မက်မက်နေတဲ့အချိန်ပဲရှိတယ် ပြောရရင် ကိုယ့်အတိတ်ထဲ ကိုယ့်ကိုယ်ကိုမျက်ဝါးထင်ထင် ပြန်မြင်နိုင်တယ်လေ နောက်ပြီး ဒီနေရာဆိုတာလည်း စိတ်ပိုင်းဆိုင်ရာ အားနည်းချို့ယွင်းတဲ့သူတွေပဲရှိတဲ့နေရာမဟုတ်လား ဒီတော့ ကိုယ့်အတွင်းနက်ရှိုင်းထဲကကြုံခဲ့တာတွေကိုလည်း အိပ်မက်ထဲကနေပဲ ပြန်မှတ်မိအောင်လုပ်နိုင်ကြတာကိုး-

ဆိုလိုတာကကွာ ငါတို့မေ့နေခဲ့တဲ့မှတ်ဉာဏ်တွေကို အိပ်မက်ထဲကနေပဲပြန်ရှာနိုင်တယ်‌‌ဆိုတာ ပြောချင်တာပဲ"

"ဒါဖြင့် နာကျင်စရာ အမှတ်တရတွေကြုံလာလည်း ဒီတိုင်းရပ်ကြည့်နေရမဲ့သဘောလား"

ကျွန်မ ပြန်မေးခဲ့တယ်။

"ဒါပေါ့ တားမြစ်ဇုန်က နင့်အတိတ်ကိုမှတ်မိအောင်ပဲလုပ်ပေးတာလေ ပြန်ပြောင်းလဲလို့ရအောင် လုပ်ပေးတဲ့နေရာမှ မဟုတ်တာ တစ်ခုရှိတာက နင့်လို စိတ်ကွဲရောဂါရှိတဲ့ လူကတော့ ချွင်းချက်ပေါ့ ပြောရရင် တားမြစ်ဇုန်မှာ စိတ်ကွဲရောဂါခံစားရပြီး ရောက်လာတဲ့သူက နင့်အပြင့် နောက်ထပ်တစ်ယောက်ပဲရှိတယ်-

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now