Unicode
ကိုးနာရီကြာပြီးတဲ့နောက်မှာတော့ ကျွန်မတို့တွေ နယ်စပ်မျဉ်းကိုရောက်လာတယ်။
အရှေ့ဘက်ခရိုင်နဲ့ အနောက်ဘက်ခရိုင်တွေ အသီးသီးက အရှေ့နဲ့ အနောက်ကပ်လျက်ရှိကြတာဆိုပေမဲ့ ဖြန့်ဖြူးရောင်းချတာတော့ အတိအကျမရှိပါဘူး။
အနောက်ဘက်ခရိုင်ရဲ့ ဈေးရုံ အနောက်ဘက်မှာ နယ်စပ်တောအုပ်တစ်ခုရှိပါတယ်။နယ်စပ်တောအုပ်နောက်မှာတော့ နယ်စပ်မျဉ်းရှိပြီး အနောက်ဘက်ခရိုင်နဲ့ အရှေ့ဘက်ခရိုင်ကို ပိုင်းခြားထားပေးတာပါ။တောအုပ်ကို ဖြတ်ပြီးသွားရင်တော့ နောက်ဆုံးမှာ အရှေ့ဘက်ခရိုင်ရဲ့လူနေ အဆောက်အအုံထဲရောက်ပါပြီ။
တောင်ဘက်ခရိုင်ကလည်း အရှေ့ဘက် ခရိုင်ရဲ့ ဈေးရုံအလွန်မှာ နယ်နိမိတ်ချင်းထိစပ်နေပါတယ်။ကျွန်မအနေနဲ့ မြောက်ဘက်နဲ့တောင်ဘက်ခရိုင်ရဲ့ ဈေးကွက်စီးပွားရေးနဲ့ပတ်သက်ပြီး သိပ်မသိပါဘူး။တောင်ဘက်ခရိုင်က ကျွန်မတစ်ခါမှမရောက်ဖူးလို့ မသိတာပါ။မြောက်ဘက် ခရိုင်ကတော့ တားမြစ်ဇုန် စင်တာသွားတုန်းက ရောက်ဖူးတာပဲရှိလို့ပါ။ပြီးတော့ အဲ့အချိန်က ကိုဆံရွှေက ကျွန်မကို အလင်းရောင် တဖျပ်ဖျပ်နဲ့ခေါ်သွားခဲ့တာကိုး။
တစ်နာရီမပြည့်ခင်မှာဘဲ ညအမှောင်ကျလာပါတယ်။တောအုပ်ကိုဖြတ်လာပြီးတဲ့နောက်မှာတော့ ကျွန်မတို့နှစ်ယောက်က အနောက်နဲ့ အရှေ့ကို ပိုင်းခြားထားတဲ့ ရှည်လျားတဲ့အဖြူရောင်နယ်စပ်မျဉ်းကိုဖြတ်ကျော်လာခဲ့ပါတယ်။မျဉ်းက မှိန်ဖျော့ဖျော့ကနေ တောက်ပလာတယ်။ညဘက်ကြယ်တွေစုံလာတော့ အဲ့မျဉ်းက တောက်ပလာပြီး လူတွေဖြတ်လို့မရတဲ့ အတားအဆီးတစ်ခုလိုဖြစ်လာတယ်။
ကျွန်မ အရှေ့ဘက်ခရိုင်ရဲ့ တောအုပ်စီလှမ်းကြည့်လိုက်တယ်။အဲ့မှာတော့ နေ့ခင်းပဲရှိသေးလို့ ရှင်းရှင်းလင်းလင်းမြင်နေရတယ်။ဒါပေမဲ့နယ်စပ်မျဉ်းနားရှိနေတဲ့ တောအုပ်က ထူထပ်လွန်းတာကြောင့် ကျွန်မထပ်မမြင်နိုင်တော့ပါဘူး။ကျွန်မ နျွယ့်ကျွမ်းကို လှည့်ကြည့်လိုက်ပြီးတော့ ကျွန်မတို့နှစ်ယောက်လုံး နယ်စပ်မျဉ်းရဲ့ တစ်ဖက်ကိုလျှောက်လာခဲ့ကြတယ်။
STAI LEGGENDO
တားမြစ်ဇုန် ဆယ့်သုံး(တားျမစ္ဇုန္ ဆယ့္သုံး)[Book-1]
HorrorTitle : Split Zone 13 ( 禁裂区13号 ) Author : Yu Wei ( 虞薇 ) Raws : 17K 小说作品翻译自ChineseAll中文在线 17K小说网 Status in COO : 323 Chapters (com) English Publisher : Volare Novels Translated by : Hilda Eng-translation Authors : may...
![တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]](https://img.wattpad.com/cover/309949187-64-k442962.jpg)