အခန်း-(၂) တားမြစ်ဇုန်

1K 92 1
                                        

Volume 1_Unicode

အခန်း-(၂) တားမြစ်ဇုန်

ကျွန်မ ပတ်ပတ်လည်က အလင်းရောင်က ပျောက်ကွယ်သွားခဲ့တယ်။ ကျွန်မရပ်နေတဲ့လမ်းပါ ပျောက်ကွယ်သွားခဲ့တယ်။ အဘိုးအိုလည်း ပျောက်ကွယ်သွားခဲ့တယ်။ ပြီးတော့ ထူးဆန်းတဲ့ သတ္တဝါတွေအားလုံးလည်း ပျောက်ကွယ်သွားခဲ့တယ်။

ကြည့်ရတာ အဆောက်အဦးကြီးတစ်ခုရဲ့ကျယ်ဝန်းလှတဲ့ ခန်းမကြီးထဲမှာ ကျွန်မရပ်နေပုံရတယ်။ ဘာကိုမှမမြင်ရတဲ့ ခန်းမကြီးက ငြိမ်သက်ဆိတ်သုဉ်းနေသလိုပဲဆိုတာလည်း ခံစားမိတယ်။ အဲဒါက အရမ်းကိုကျယ်ဝန်းပြီး ဧရိယာစတုရန်းမီတာ ရာနဲ့ချီရှိနိုင်ပါတယ်။ ကျွန်မရဲ့အပေါ်ဘက်က အဆုံးမရှိ ကျယ်ပြောလှတဲ့ နေရာကိုကြည့်မိတော့ ဒီခန်းမအဆောက်အဦးတစ်ခုလုံးဟာ လုံးဝလိုဏ်ခေါင်းလိုဖြစ်နေတာပါ ၊ ကျွန်မ‌ရဲ့ဘေးဘက်မှာတော့ လေးဖက်လေးတန် ကာထားတဲ့ နံရံကြီးကလွဲပြီး ဘာမှရှိမနေပါဘူး။ ကျွန်မရပ်နေတာကတော့ မြောက်ဘက်နံရံတစ်ခုလုံးဖုံးအုပ်လုမတတ် ချိတ်ဆွဲထားတဲ့ ဖန်သားပြင်အကြီးကြီးတစ်ခုရဲ့မနီးမဝေးနေရာနားမှာပါ။ ကျန်တဲ့နံရံတွေကတော့ အဖြူရောင် ကြွေပြားတွေနဲ့ ဖုံးအုပ်ထားပါတယ်။ အဲဒီနံရံတွေနဲ့ ကျွန်မဝေးဝေးမှာ ရပ်နေတာတောင် တောက်ပမှုက ကျွန်မမျက်လုံးတွေကို နာကျင်စေတုန်းပါပဲ။

ကျွန်မ မျက်လုံးတွေကို ပွတ်သပ်ပြီးတဲ့နောက် ရှေ့မှာရှိနေတဲ့ ဖန်သားပြင်ကို ထပ်ကြည့်လိုက်တယ်။ ဗီဒီယိုတစ်ခု စတင်ထုတ်လွှင့်တော့မယ့်အတိုင်း ဖန်သားပြင်ပေါ်မှာ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်လာတယ်။ အဲဒါကအပေါ်စီးကနေ ရိုက်ပြထားတဲ့ ဆေးရုံအခန်းမြင်ကွင်းတစ်ခုပါ။ အိပ်ယာပေါ်မှာ ကောင်မလေးတစ်ယောက်က မျက်လုံးတွေမှိတ်ပြီး လဲလျောင်းနေပါတယ်။ ကောင်မလေးရဲ့ဘေးမှာတော့ သူမမိဘတွေ ငိုယိုပြီးထိုင်နေကြတယ်။ ကျွန်မမျက်လုံးတွေကပြူးကျယ်လာပြီး မျက်ရည်တွေ စီးကျလာတယ်။

ကျွန်မအမြင်အာရုံတွေ ရှုပ်ထွေးနေပြီးဘာမှမတုံ့ပြန်နိုင်ခင်မှာဘဲ အလင်းတန်းတစ်ခုလို အသွင်အပြင်ပုံရိပ်နှစ်ခုက ကျွန်မရှေ့မှာ ပေါ်လာတယ်။ ကျွန်မ သေသေချာချာကြည့်လိုက်တော့ လူနှစ်ယောက်ကိုတွေ့ရတယ်။ အမျိုးသားနှစ်ယောက်ပါ။ သူတို့ထဲက တစ်ယောက်က ရွှေရောင်ဆံပင်ရယ် အပြာရောင်မျက်လုံးတွေနဲ့မို့ ကပြားတစ်ယောက်ဖြစ်ပုံရတယ်။ ကျွန်မရဲ့ဆရာဝန်ကို‌တောင် ပြန်သတိမရဘဲ မနေနိုင်ပါဘူး ဒါပေမဲ့ကျွန်မရဲ့ဆရာဝန်မှာက အနက်ရောင်ဆံပင်ရှိတာပါ။ ဒီလူကတော့ ရွှေရောင်ဆံပင်သာမက သူ့မှာ အပြာရောင်မျက်လုံးတစ်စုံပါ ရှိလိုက်သေးတယ်။ သူ့ပရိုဖိုင်အရဆိုရင် နည်းနည်းတော့ တရုတ်လို့ခံစားရပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Место, где живут истории. Откройте их для себя