အခန်း-(၁၁၇) ခွဲထုတ်သင်္ကေတမှ ကနဦးစာချုပ်

116 24 1
                                        

Zawgyi


ကြားလိုက်ရလို့ ကျွန်မ အသက်ရှူကျပ်လာသလို ခံစားလိုက်ရတယ်။

"ဒါဖြင့် ဝိညာဉ်ခွဲထုတ်သူတွေက ဒါတွေအားလုံးရဲ့ အကြောင်းရင်းလို့ ဆိုလိုတာလား...ပြောရရင် သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့ရာနဲ့ ကျွန်မတို့ရဲ့ ကမ္ဘာ ကျွန်မတို့မိသားစုတွေနဲ့ ချစ်ရတဲ့သူတွေဆီကနေ သူတို့ကဒီကို ခေါ်လာခဲ့ကြတာပေါ့လေ-

သူတို့ရဲ့ အာဏာတွေ စွမ်းအားတွေ လိုချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းဖို့သက်သက်တဲ့လား"

ကျွန်မ ပြော‌နေရင်း ဖြည်းဖြည်းချင်း ထပ်ခါတလဲလဲ ပြောနေမိတယ်။

ဟွမ်ချင်းက ခေါင်းညိတ်ပြလာတယ်။

"ဟာ~ဟား~"

အကြောင်းတစ်ခုခုကြောင့် ကျွန်မရယ်ချင်သလို ခံစားရတယ်။

ဝိညာဉ်ခွဲထုတ်သူတွေက ကျွန်မတို့ရဲစိတ်ဝိညာဉ်ကို ဖမ်း‌ယူပြီး ဒီနေရာကိုခေါ်လာတဲ့သူဖြစ်တာကို အများစုကသိကြပေမဲ့ အဲ့နောက်ကွယ်က အကြောင်းအရင်းကိုတော့ ကျွန်မတို့ မသိနိုင်ပါဘူး။တားမြစ်ဇုန်ရဲ့လျှို့ဝှက်ချက်တွေကိုလည်း ကျွန်မတို့မသိတာကြောင့် ဝိညာဉ်ခွဲထုတ်သူတွေဆိုတာလည်း ဒီနေရာမှာရှင်သန်ဖို့ တစ်နည်းနည်းနဲ့အတင်းအကျပ်စေခိုင်းခံနေရပြီး ခုလိုတွေလုပ်လာတာလားလို့ ကျွန်မစဉ်းစားကြည့်ခဲ့ဖူးတယ်။

သူတို့မှာ တခြားရွေးချယ်စရာတွေမရှိလို့ တားမြစ်ဇုန်မှာလည်း အလုပ်လုပ်ပုံက ရိုးရိုးရှင်းရှင်းပဲလို့ ကျွန်မ စဉ်းစားခဲ့ဖူးတယ်။ပြောရရင် သူတို့မှာ အဲ့လိုလုပ်ဖို့ အကြောင်းပြချက်တွေရှိတယ်ဆိုတာကို ကျွန်မနားလည်ပြီး ယုံကြည်ဖို့ ကြိုးစားခဲ့တယ်။ဒါပေမဲ့ အခုလို ကြားလိုက်ရတော့ သူတို့က ခွဲထုတ်သင်္ကေတတွေက ပေးလာမဲ့စွမ်းအားကိုလိုချင်တာတဲ့လား။

"လူသတ်မှုနဲ့ ဘာကွာတာကျလို့"

ကျွန်မ နှလုံးသားကို ပေါ့ပါးသွားစေနိုင်တဲ့ အဖြေကို ရေငတ်နေတဲ့သူတစ်ယောက်လိုမျိုး ဟွမ်ချင်းဆီကနေကြားရဖို့ ကျွန်မ အငမ်းမရကြည့်လိုက်မိတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now