အခန်း-(၁၃၆) ဒဏ်ရာဟောင်းတွေကို ပြန်ဖွင့်မှာလား?

116 21 0
                                        

Zawgyi


ကျွန်မ နားရွက်ကို လက်နှစ်ဖက်နဲ့အုပ်ထားရင်းက‌နေ ဖြည်းဖြည်းချင်း ငုတ်တုတ်ထိုင်ချလိုက်တယ်။ကောင်းချင်းကျုံယဲ့က ကျွန်မရှေ့ကို လှမ်းလာပြီး ခပ်ဖွဖွလေး ဆွဲထူလာတယ်။

"လာပါ လီရှန်း မင်းက ငါ့ကို ပါးရိုက်ဖို့တောင် သတ္တိရှိရင် အခု ဒီနေရာမှာ မငိုသင့်ဘူးမဟုတ်လား မင်းသတ္တိရှိရင် ထပ်ရိုက်ပါ...ငါကျိန်ဆိုတယ် တားမြစ်ဇုန်မှာမင်းကလွဲရင် ငါ့မျက်နှာကို ရိုက်ရဲတဲ့လူမရှိဘူးဆိုတာပေါ့" 

သူက ကျွန်မကို ဆွဲထူပေးရင်းကနေ ကျွန်မ နားရွက်ကို မအုပ်ထားဖို့ရာအတင်းဆွဲလာတယ်။

သူ့မျက်နှာကို ကြည့်ရင်း ကျွန်မ ဖြည်းဖြည်းချင်း ငြိမ်သက်သွားမိတယ်။

ပြီးတော့ ကျွန်မ နှလုံးသားထဲက နာကျင်မှုတွေကို ဖိနှိပ်ရင်း ကျွန်မကိုယ်ကျွန်မ ပြန်ပြောခဲ့တယ်။

လီရှန်း...နင် သန်မာနေရမယ်!နင်အရင်က အသက်ရှင်တုန်းကတောင် နျွယ့်ကျွမ်းမပါဘဲ ကောင်းကောင်းနေနိုင်ခဲ့တယ် သူနဲ့ အတူ‌ရှိခဲ့တာ တစ်နှစ်ပဲ ရှိပါသေးတယ်...ရုတ်တရက် သူပျောက်ကွယ်သွားခဲ့ရင်တောင် နင်နေသားကျသွားပါလိမ့်မယ် ဒါကြောင့်သန်သန်မာမာနေစမ်း!

လီရှန်း...နင် ငိုလို့မရဘူး! အခု သူမပြန်ရောက်နေပြီကို နင်က ဒီလို သူရဲဘောကြောင်နေဉီးမှာလား?နင့်ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး သူမလုပ်ချင်တာကို လုပ်ခွင့်မပြုနဲ့တော့!

ကျွန်မခံစားချက်တွေကို အတင်းအကျပ် ချုပ်တည်းလိုက်တယ်။အသက်ပြင်းပြင်းရှူရင်းကနေ ဖြည်းဖြည်းချင်း မော့ကြည့်လာပြီး ကောင်းချင်းကျုံယဲ့ကို အတတ်နိုင်ဆုံး တည်ငြိမ်တဲ့ မျက်ဝန်းနဲ့  ကြည့်နေမိတယ်။ 

"ပါးရိုက်ချင်သေးတာလား...မင်း အခုမလုပ်ရင် နောက်အခွင့်အရေး ထပ်ရှိတော့မှာ မဟုတ်ဘူးနော်"

ကောင်းချင်းကျုံယဲ့က ကျွန်မကိုပြောနေရင်းကနေ သိသိသာသာ ငြိမ်သွားပါတယ်။အဲ့တာက အချိန်အကြာကြီး သူရဲဘောကြောင်တဲ့လူလို ငိုနေခဲ့ပြီးနောက် အေးစက်နေတဲ့ ကျွန်မ မျက်နှာလေးကိုပဲ သူ ငေးကြည့်နေချင်သလိုမျိုးပါ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now