အခန်း-(၁၄) တတိယမြောက် ဦးညွှတ်မှု

235 39 0
                                        

Unicode

ဆုန်းလုနဲ့ ယုလန်းတို့ ရောက်လာတဲ့ချိန်မှာ ကျွန်မ‌အတော်အတန် စိတ်ငြိမ်နေပါပြီ။

"မနေ့ကဖြစ်ခဲ့တာတွေ အစ်မတို့တွေကြားခဲ့ပြီးပြီ ခုတလော အနောက်ဘက်ခရိုင်မှာ ပြဿနာတွေ များလာတယ်ဆိုတာတကယ်မှန်တာပဲ ဒါကြောင့် မြောက်ဘက်ခရိုင်လျှို့ဝှက်ခရီးစဉ်ကို အစ်မတို့အားလုံး သေချာအ‌ကောင်အထည်ဖော်မှဖြစ်မယ်"

ဆုန်းလုနဲ့ ယုလန်းတို့နှစ်ယောက်လုံး အနက်ရောင် ဝတ်စုံတွေဝတ်ထားကြပါတယ်။ပြီးတော့ ပေါ်လွင်နေတဲ့ဆုန်းလုရဲ့ ဆက်စီကျကျကောက်ကြောင်းအလှကို ကျွန်မ နှစ်ခါပြန်ကြည့်ဖြစ်အောင် ကြည့်လိုက်ပါသေးတယ်။

"ဟုတ်ပါတယ် နောက်ဆုံးတော့ အပြင်ထွက်ပြီး ကမ္ဘာကြီးကိုကြည့်ဖို့အချိန်ကျပြီလို့ ကျွန်မထင်တယ် ဟဲ ဟဲ... ဒါပေမဲ့ ကျွန်မတို့တွေ ကိုဆံရွှေမသိအောင် မြောက်ဘက်ခရိုင်ထဲ  ဘယ်လိုဝင်ကြမလဲဟင်"

ကျွန်မ ရယ်ရင်းနဲ့မေးမိတယ်။အရင်တုန်းက ကျွန်မတို့တွေသွားခဲ့တာက ကိုဆံရွှေ ဆင့်ခေါ်စာနဲ့ပါ။သွားတယ်ဆိုတာကလည်း ခရိုင်ရဲ့ဗဟိုခန်းမဆောင်ထဲ တန်းရောက်သွားတာဖြစ်လို့ ခန်းမအပြင်ဘက်က မြောက်ဘက်ခရိုင်အသွင်အပြင်နဲ့ပတ်သက်ပြီး ဘာတစ်ခုမှရင်းရင်းနှီးနှီး မသိခဲ့ကြပါဘူး။ခန်းမဆောင်က အရမ်းကို ကျယ်ပေမဲ့လည်း ‌လူနေအိမ်ရာအဖြစ် အသုံးမပြုပါဘူး။ဘယ်လိုဖြစ်ဖြစ်ပါလေ ကျွန်မတို့တွေ ခန်းမဆောင်ရဲ့ အပြင်ဘက်ကို တစ်ခါမှ မရောက်ဖူးကြပါဘူး။

"ပြောရရင် အစ်မတို့နှစ်ယောက် မကြာခင်က ရောက်ခဲ့တဲ့ ‌ခန်းမဆောင်နဲ့ပတ်သက်ပြီး သိချင်တာတွေရှိခဲ့ကြတယ် ဒါကြောင့် အစ်မက ယုလန်းကို သူ့ရဲ့စွမ်းအားသုံးပြီး ပတ်ဝန်းကျင်ကို မသိမသာ အကဲခတ်ခိုင်းကြည့်တော့ အစ်မတို့မထင်မှတ်ထားတာ တွေ့ခဲ့ရတယ်လေ"

ဆုန်းလုက ယုလန်းကို ညွှန်ပြရင်းပြောလာတယ်။ဒီ‌တော့မှ စကားဝိုင်းမှာ တိတ်တိတ်လေး စဉ်းစားခန်းဝင်နေတဲ့ ယုလန်းက ခေါင်းညိတ်ပြလာတယ်။

"ငါ့အစွမ်းကတော့ မင်းတို့တွေသိပြီးသားပါလေ ပြောရရင် ဆုန်းလုက လက်တွေ့ကမ္ဘာက သူ့ရဲ့ခန္ဓာကိုယ်ကိုငေးကြည့်နေတုန်း ငါရဲ့ဝိညာဥ်ကွဲတစ်ခုကိုသုံးပြီး ခန်းမအပြင်ဘက်ကို အမြန်‌ပြေးထွက်လာခဲ့တယ် မထင်မှတ်ထားတာပြောရရင် ခန်းမထဲ ပြတင်းပေါက်ကမြင်နေရတဲ့မြင်ကွင်းနဲ့ အပြင်ဘက်က တကယ်ရှိနေတဲ့ အရာတွေက လုံးဝမတူတာဘဲ"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Wo Geschichten leben. Entdecke jetzt