Special Chapter - လူသတ်အရုပ်

141 33 2
                                        

Zawgyi

လူသတ်အရုပ်

ကျောက်S ရဲ့ရှုထောင့်

ကျွန်မနာမည် လီ‌ကျောက်။ကျွန်မက ဆယ့်ရှစ်နှစ်ရှိပေမဲ့ ကျွန်မဆံပင်ကို ဘယ်လိုဖြီးရမလဲဆိုတာ မသိတဲ့ မိန်းကလေးတစ်ယောက်ပါ။

ဘာလို့လဲ?

ဘာလို့လဲဆိုတော့ သူမက အားလုံးကို ဂရုတစိုက်လုပ်ပေးခဲ့လို့ပါ။

သူမဆိုတာက ဘယ်သူလဲ?

ကျွန်မ အစ်မ လီချင်းပါ။သူမနာမည်အတိုင်း လှတဲ့လူပေါ့။

သူမရဲ့ စိတ်ရင်း‌ကကော?

စိတ်ရင်းက ပိုတောင် ကောင်းသေးတဲ့သူပါ။

ဒါပေမဲ့လှပ‌တဲ့အရာတွေဆိုတာ ပိုလှလေလေ ပိုများတဲ့ အဆိပ်အတောက်တွေ သယ်လာလေလေပါပဲ။

သူမက ကျွန်မထက်ငါးနှစ်ကြီးပြီး ထူးချွန်တဲ့ ကလေးတစ်ယောက်အဖြစ် အမြဲသတ်မှတ်ခံခဲ့ရသူ‌ပါ။ပြောရရင် သူမ သုံးနှစ်က‌လေးအရွယ်ကနေ အပေါင်း ၊ အနှုတ် ၊ အမြှောက် ၊ အစား အားလုံးပိုင်နိုင်နေပြီး အသက် ငါးနှစ်မှာပဲ မူလတန်း‌ကျောင်းဝင်ခဲ့ပါတယ်။အဲ့နောက်မှာတော့ သူမက အတန်း သုံးတန်းခုန်ကျော်ပြီး ခုနစ်နှစ်အရွယ်မှာပဲ ဘွဲ့ရခဲ့ပါတယ်။အရမ်းကိုတော်လွန်းတဲ့သူဖြစ်တာကြောင့် ကျွန်မ မိဘတွေက သူမအတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ကြတယ်။

မိဘတွေရဲ့ ဂုဏ်ယူမှုနဲ့အတူ ထူးချွန်တဲ့သူမက သူမလိုချင်တာ ဘာမဆို အေးဆေးတောင်းဆိုခွင့်ရခဲ့ပါတယ်။ကျွန်မ မိဘတွေကလည်း နည်းနည်းတောင် တုံ့ဆိုင်းတွေဝေမနေဘဲ သူမလိုချင်တာမှန်သမျှ အကုန်ဖြည့်‌ဆည်းပေးခဲ့ကြတယ်။သူမ လက်ညှိုးညွှန်ရာ *အရုပ်ဖြစ်စေခဲ့ကြတယ်။ပြောရရင် ကျွန်မ အပါအဝင်ပေါ့။

(ပုံမှန် မြန်မာစကားပုံ လက်ညှိုးညွှန်ရာ *ရေဖြစ်တယ်နဲ့ အတူတူပါပဲနော်)

ဒီကမ္ဘာကြီးမှာ ကျွန်မရဲ့ဖြစ်တည်မှုက ကျွန်မ အစ်မအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုဖြစ်စေခဲ့တယ်ဆိုတာ ကျွန်မတောင် မသိခဲ့ပါဘူး။မိဘတွေနဲ့ ဆွေမျိုးတွေ အမြင်မှာတော့ သူမက အရမ်းထူးချွန်ပြီး အရည်အချင်းပြည့်ဝတဲ့ မိန်းကလေးတစ်ယောက်ပါ။အဲ့တာကြောင့်ပဲ သူမပိုင်ဆိုင်ခဲ့တဲ့ အရည်အချင်းတွေ ဦးစားပေးခံရတာတွေက ကျွန်မရောက်လာတော့ သူမအတွက် ခြိမ်းခြောက်မှုတစ်ခုလိုဖြစ်စေခဲ့ပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now