Zawgyi
အခန်း-(၁၆၀) ရက်စက်ကြမ်းတမ်းတဲ့ဘေးအန္တရာယ်
နောက်ဆုံးမှာ ကောင်းချင်းကျုံယဲ့က ခေါင်းညိတ်ပြလာတယ်။
"ဒါပေါ့ အဲ့တာကို ငါသိပါတယ်...ဒါပေမဲ့ ရှင်းရှင်းလင်းလင်းတစ်ခုတော့ပြောထားမယ် ငါကဝိညာဉ်ခွဲထုတ်သူဆိုပေမဲ့ ငါနဲ့စူလော်နဲ့က တောင်ဘက်ခရိုင်မှာပဲ အချိန်တော်တော်ကြာနေခဲ့ကြတဲ့သူတွေပဲ ပြောရရင် ငါတို့တွေ ဒီနှစ်တွေထဲမှာ တောင်ဘက်ခရိုင်ကနေ ဘယ်တုန်းကမှ မထွက်ခဲ့ကြသလို စူလော်ကလည်း အားနည်းတဲ့အိမ်ရာနေထိုင်သူတွေကို အဲ့လိုနေရင်းနဲ့ပဲ ကာကွယ်ပေးခဲ့တာပဲ-
ဒါကြောင့် မြောက်ဘက်ခရိုင်က အခုဘယ်လိုဖြစ်နေမလဲဆိုတာ ငါမသိဘူး ရှင်းရှင်းပြောရရင် အရင်နှစ်တွေနဲ့ယှဉ်ရင် တော်တော်လေးကွဲပြားနေမှာ သေချာတယ် ဒါကြောင့်ငါမင်းတို့ကို သေချာပေါက်ခေါ်သွားပေးနိုင်ပေမဲ့ ဘာတြွေဖစ်လာမလဲဆိုတာ ငါအာမ မခံနိုင်ဘူး"
ရှင် အာမ မခံနိုင်တော့ကော ဘာဖြစ်လဲ? ရှင်က ဝိညာဉ်ခွဲထုတ်သူဖြစ်ထဲကနေ ကျွန်မတို့နဲ့ တစ်ဖက်ထဲရပ်တည်နိုင်မှာမှ မဟုတ်တာ ! ကျွန်မက ရှင့်ဆီကနေ ဘာများတောင်းဆိုနိုင်မှာမို့လဲ?
"ကောင်းပြီ...နောက်တစ်ခုရှိသေးတယ် အရှေ့ဘက်ခရိုင်မှာ ယုလန်းပေါ်မလာခင် ကျွန်မတို့မြင်ခဲ့တဲ့ မကောင်းဆိုးဝါးရေဘဝဲကောင်ကလည်း မအောင်မြင်တဲ့ စမ်းသပ်ချက်တစ်ခုဖြစ်ရမယ် ပြီးတော့ ကျွန်မရဲ့ S အဖွဲ့က သတင်းပို့ချက်အရဆိုရင် တလိုင်နဲ့ ကျန်တဲ့လူတွေက ခရိုင်တွေမှာ တခြားသူတွေမသိဘဲ ဝင်ထွက်နိုင်တယ်ဆိုပေမဲ့ ကျွန်မရဲ့ အရှေ့ဘက်ခရိုင်က အဲ့လို ရေဘဝဲကောင်ဝင်လာနိုင်တဲ့အထိ လုံခြုံရေးပေါ့လျော့နေတဲ့နေရာ မဟုတ်ပါဘူး ဒါကြောင့်ကျွန်မအထင် အဲ့ရေဘဝဲကောင်က လူပုံစံ အယောင်ဆောင်ပြီး ဝင်လာခဲ့တာပဲဖြစ်ရမယ်"
"ဒါဖြင့် နင်ဆိုလိုတာ သူက စစချင်းကတော့ သာမန် စိတ်ဝိညာဉ်တစ်ခုလိုဖြစ်ပြီး နင့်ရဲ့ အရှေ့ဘက်ခရိုင်ထဲဝင်လာပြီးမှ ရေဘဝဲတစ်ကောင်ဖြစ်သွားခဲ့တယ်ဆိုတဲ့သဘောလား?"
YOU ARE READING
တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]
HorrorTitle : Split Zone 13 ( 禁裂区13号 ) Author : Yu Wei ( 虞薇 ) Raws : 17K 小说作品翻译自ChineseAll中文在线 17K小说网 Status in COO : 323 Chapters (com) English Publisher : Volare Novels Translated by : Hilda Eng-translation Authors : may...
![တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]](https://img.wattpad.com/cover/309949187-64-k442962.jpg)