အခန်း-(၁၂၆) နျွယ့်ကျွမ်းရဲ့ သတ်ဖြတ်ခြင်းရည်ရွယ်ချက်

130 25 3
                                        

Zawgyi


"အား----!"

ရုံကျင့်ရဲ့ အော်သံကို ကျွန်မကြားလိုက်ရတယ်။

နျွယ့်ကျွမ်းက ရုံကျင့်ရဲ့အရိပ်ကို နှစ်ခြမ်းဆွဲဖြဲပစ်လိုက်တယ်။ပြီးတာနဲ့ သူက ကျွန်မဆီ ပြေးလာပြီး သူ့လက်တစ်ဖက်နဲ့ ကာကွယ်ထားတဲ့ချိန် တိမ်မည်းတွေက ကျန်တဲ့လက်တစ်ဖက်ကနေ လွင့်စပြုလာတယ်။အဲ့တိမ်မည်းတွေက သေစေတတ်တဲ့ သေမင်းအရောင်အဝါရှိပြီး အသွင်ပြောင်းထားတဲ့ ရှန်းချီပေါ် ဖုံးအုပ်သွားတယ်။

ရှန်းချီက တုန်လှုပ်သွားသလို ကောင်းချင်းကျုံယဲ့ကလည်း အံ့သြသွားပါတယ်။

"ဒါက နတ်ဆိုးလက်ပဲ!"

နျွယ့်ကျွမ်းရဲ့လက်က ကျွန်မပခုံးပေါ်ကို ဖိကိုင်လာပြီး ညှာတာမှုကင်းမဲ့တဲ့ လေသံနဲ့ပြန်ပြောလာတယ်။

"ငါက အမြဲတမ်း နတ်ဆိုးပဲကို!"

နျွယ့်ကျွမ်းရဲ့ မျက်ဆံက Eight Trigram (Bagua) သင်္ကေတလို လှုပ်ရှားလာတယ်။

ကျွန်မ အပေါ်က ကောင်းကင်က ချက်ချင်းမဲမှောင်သွားတယ်။ကောင်းကင်က ဧရာမ ပျဉ်ချပ်တစ်ခုမှာ အနက်ရောင်ဆေးသုတ်ထားတာနဲ့တူပြီး နျွယ့်ကျွမ်းရဲ့ မျက်ဆံတွေလှုပ်ရှားနေသလို လှုပ်ရှားနေပါတယ်။

Hoppla! Dieses Bild entspricht nicht unseren inhaltlichen Richtlinien. Um mit dem Veröffentlichen fortfahren zu können, entferne es bitte oder lade ein anderes Bild hoch.

ကျွန်မ အပေါ်က ကောင်းကင်က ချက်ချင်းမဲမှောင်သွားတယ်။ကောင်းကင်က ဧရာမ ပျဉ်ချပ်တစ်ခုမှာ အနက်ရောင်ဆေးသုတ်ထားတာနဲ့တူပြီး နျွယ့်ကျွမ်းရဲ့ မျက်ဆံတွေလှုပ်ရှားနေသလို လှုပ်ရှားနေပါတယ်။

ကျွန်မ ပါးစပ်ထဲက သွေးတွေ ပြည့်နှက်လာတယ်။သေမင်းတမန် အရောင်အဝါနဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အမှောင်ထုတွေ ကျွန်မမျက်လုံးထဲထိ ပျံ့နှံ့လာပြီး တုန်လှုပ်လာမိတယ်။အဲ့လိုအရောင်အဝါက ကျွန်မတို့ရဲ့အသိစိတ်ထဲထိ ထိုးဖောက်နိုင်ပုံရပြီး ကြီးမားတဲ့ ဖိအားအောက်မှာ လွှင့်ပစ်ခံလိုက်ရသလို ခံစားရတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Wo Geschichten leben. Entdecke jetzt