အခန်း-(၅၆) မတွေ့တာကြာပြီ

165 33 0
                                        

Zawgyi


အကယ်ဒမီကျောင်းကနေ ထွက်လာပြီး သိပ်မကြာခင်မှာပဲ ကျွန်မတို့ဘက်ကို လူတစ်ယောက်ပြေးလာနေတာ မြင်လိုက်ရတယ်။တဖြည်းဖြည်းနီးလာမှပဲ တောင်ဘက်ခရိုင်ရဲ့ လက်ဖက်ရည်ဆိုင်မှာဆုံခဲ့တဲ့ ကူဖေးဖြစ်နေမှန်းသိရတော့တယ်။

ကူဖေးရဲ့ ရှပ်အင်္ကျီလက်က အပေါ်ခေါက်တင်ထားတာမို့ အကြောပြိုင်းပြိုင်းထနေတဲ့ သူ့ကြွက်သားတွေက ပေါ်လွင်နေပါတယ်။ထူထဲပြီးထောင့်ကျတဲ့ သူ့ရဲ့မျက်ခုံးထူတွေကြည့်ရတာတော့ စိတ်ရှုပ်နေတဲ့ပုံပါပဲ။ဒါပေမဲ့ ကျွန်မတို့ကိုမြင်တာနဲ့ သူ့အကြည့်တွေက တောက်ပလာပြီး ကျွန်မနား ချက်ချင်းပြေးလာတယ်။

"တစ်ခြားလူတွေစီကနေ ကျွန်တော်ကြားခဲ့ရတာတော့ ခင်ဗျားက အနောက်ဘက် ခရိုင်မှူး လီရှန်းဆိုပဲ ဒါနဲ့ ခင်ဗျား ကျွန်တော့်ကို မှတ်မိသေးရဲ့လားဗျ"

ကူဖေးက ကျွန်မဘက် သူ့လက်နှစ်ဖက်ဝှေ့ယမ်းပြရင်း အမောတကော ပြောနေရှာတာပါ။

သူစိတ်လောနေတာကို ငြိမ်သွားအောင်လို့ ကျွန်မပြုံးပြရင်း ခပ်အေးအေးလေသံနဲ့ ပြန်ပြောလိုက်တယ်။

"ဟုတ်ပါတယ် ကျွန်မက လီရှန်းပါ ပြီးတော့လည်း ရှင့်ကိုမှတ်မိပါတယ် ဒါနဲ့ဘာတြွေဖစ်နေလို့ ရှင်ခုလို ရေးကြီးသုတ်ပျာပြေးလာခဲ့တာလဲ"

ကူဖေးက မျက်နှာငယ်လေးနဲ့ ခေါင်းကုတ်ရင်း အထစ်ထစ် အငေါ့‌ငေါ့ပြန်ဖြေလာတယ်။

"အ...အရင်တစ်ခါ...ညဘက်တုန်းက ခင်ဗျားတို့တွေ ကျွန်တော့်ကို လာတွေ့ခဲ့တယ်လို့ အိမ်နီးချင်းတွေစီက ကြားခဲ့ပေမဲ့ အဲ့ညက ဖြစ်ခဲ့တာတွေ ကျွန်တော်လုံးဝ မမှတ်မိလို့ပါဗျာ"

သူ့အခန်းထဲက ချောက်လိုလို တွင်းလိုလိုဟာထဲ စုတ်ပြတ်သပ်နေအောင် ပြုတ်ကျခဲ့တဲ့အပြင် တစ်ကိုယ်လုံး အပိုင်းပိုင်းကျိုးကြေခဲ့ရတာကိုပါ ကျွန်မပြန်သတိရလာတော့ တွန့်သွားမိတယ်။အင်း....သူ မမှတ်မိတာဘဲကောင်းပါတယ်။တကယ့်ဟာကိုမှ မမှတ်မိလို့ တော်သေးတယ်ပြောရမယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Donde viven las historias. Descúbrelo ahora