အခန်း-(၅၀) မျှော်လင့်ထားတဲ့ သစ္စာဖောက်မှု

162 38 6
                                        

Zawgyi

အခန်း-(၅၀) မျှော်င့်ထားတဲ့စ္စာဖောက်မှု

ကျွန်မရှေ့မှာ မြင်နေရတဲ့ သူမကိုကြည့်ရင်း မျက်လုံးပြူးမျက်ဆံပြူးနဲ့ ကြက်သေသေ အံ့ဩနေမိတယ်။ရောက်လာစရာ အကြောင်းမရှိတဲ့သူက ရောက်လာတာကြောင့် ကိုယ့်မျက်စိ‌ကိုယ်တောင် မယုံနိုင်ဖြစ်နေမိတယ်။ပြောရရင် အစိမ်းရောင်ဆံပင်ရယ်တုတ်ခိုင်နေတဲ့ မြွေအမြီးနဲ့ သူမကို မြင်နေရတာကြောင့်ပါ။

"ယုံ...ယုံချီ နင်က ဒီမှာ ဘာလာလုပ်နေတာလဲ"

ကျွန်မ အထိတ်တလန့် မေးမိတယ်။ပြောရရင် သူမကဒီကို ဘယ်လိုရောက်လာလဲဆိုတာ ကျွန်မနားမလည်နိုင်တာကြောင့်ပါ။

ယုံချီက ကျွန်မအနားရောက်လာပြီး အထိတ်တလန့်နဲ့ ငေးကြည့်လာတယ်။သူမက ကျွန်မလက်ကို လှမ်းဆွဲပြီး ရပ်နေတာကြောင့် သူမရဲ့ အစိမ်းရောင်ဆံပင်တွေက လေထဲလွင့်နေပါတယ်။ပြီးတော့ သူမအနား အနံ့အသက်တစ်ခုကို ခံစားမိလိုက်တယ်။

"အားရှန်း...ငါဒီရောက်လာတာက အနောက်ဘက်ခရိုင်မှာ မန်နေဂျာ 27 ယောက်ထဲ 7 ယောက်သေသွားခဲ့တာကြောင့်ပဲ"

ယုံချီက ထိတ်ထိတ်ပျာပျာ ပြောလာတယ်။

"ငါသိတယ်"

ကျွန်မ သိပြီးသားမို့ မအံ့ဩဘဲ သူမကိုပြန်ပြောလိုက်တာပါ။

ယုံချီက နျွယ့်ကျွမ်းဘက် လှည့်ကြည့်ပြန်တယ်။ပြီးတော့ ကျွန်မဘက်ပြန်လှည့်လာပြီးတော့ ပြောလာပြန်တယ်။

"အဲ့တာ နျွယ့်ကျွမ်းပဲ!"

ကျွန်မ ချက်ချင်းပဲ ခေါင်းခါပြလိုက်တယ်။

"အဲ့တာက မဖြစ်နိုင်ဘူး ယုံချီ ငါနင့်ကို အားလုံးမရှင်းပြနိုင်ပေမဲ့ ဒီ‌ရက်ပိုင်း တောင်ဘက်ခရိုင်မှာ ကိစ္စတွေ အများကြီးဖြစ်ခဲ့တယ် ပြောရရင် အဲ့လိုချိန်တိုင်း နျွယ့်ကျွမ်းက ငါနဲ့ပဲတစ်ချိန်လုံးရှိနေခဲ့တာကြောင့် နင်တို့စီပြန်လာပြီး ဒုက္ခပေးနိုင်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး ကြည့်ရတာတစ်ယောက်ယောက်က နျွယ့်ကျွမ်းအယောင်ဆောင်ပြီး လုပ်နေတာပဲဖြစ်ရမယ်"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now