အခန်း-(၃၀) နျွယ့်ကျွမ်းရဲ့လှုပ်ရှားမှု

209 37 4
                                        

Unicode

"ဟေး...ရှင်တို့တွေကော တားမြစ်ဇုန်မှာ ဒီလိုနေရာရှိတယ်ဆိုတာ ကြားဖူးကြလား"

မေးနေတဲ့ ကျွန်မ ခန္ဓာကိုယ်က အပြီးတိုင်ပြန်ကောင်းမလာသေးတာကြောင့် နာကျင်နေတုန်းပါပဲ။မတ်တပ်လည်း ရပ်လို့မရသေးတာကြောင့် ထိုင်လျက်ပဲ နျွယ့်ကျွမ်းနဲ့ ကျဲပကိုကြည့်နေရတယ်။

ကျဲပက တော်တော်လေးတော့ ပြန်ကောင်းလာနေပါပြီ။နျွယ့်ကျွမ်းကတော့ ကျဲပလွယ်အိတ်ထဲကထွက်ကျခဲ့တဲ့ တိုလီမှုတ်စ ပုလင်းတွေကို အကုန်လိုက်ကောက်ထည့်နေပါတယ်။ကျဲပက သူ့ဆံပင်နဲ့ အဝတ်အစားတွေကို သပ်သပ်ရပ်ရပ်ပြင်နေရင်း ပြန်ဖြေလာတယ်။

"ဒီလိုနေရာရှိတာကို ကျွန်တော်တစ်ခါမှ မကြားဖူးပါဘူး ကြည့်ရတာ ထောင်ချောက်တစ်ခုလိုပဲဗျ...*ကို ကူဖေး* ကလည်း ကျွန်တော်တို့ကို ဘာလို့ဒီလိုလုပ်ရတာပါလိမ့်"

လူကြီးလူကောင်းဆန်တဲ့ ဝတ်စုံပြည့်နဲ့ကျဲပက ငယ်ရွယ်တဲ့ ကူဖေးကို 'ကို' တပ်ခေါ်တာကြည့်ရင်း သူ့ရဲ့ယဉ်ကျေးတဲ့အမူအရာကို ကျွန်မ မအံ့ဩဘဲမနေနိုင်ပါဘူး။

[ တကယ်က Novel ထဲမှာ 'Mr Ku Fei' လို့ပြောထားပါတယ် ကိုယ်က ရှေ့မှာ 'Mr Blond' ကို ' ကိုဆံရွှေ' အတိုပြန်ထားမိလို့ ဒီမှာလည်း ဒီလိုပြန်ထားတာ အမှားပါသွားရင် သည်းခံပြီးဖတ်ပေးပါဦးနော့  ]

မြေပြင်မှာရှိတဲ့ ပစ္စည်းတွေကို ကောက်ထည့်နေတဲ့ နျွယ့်ကျွမ်းက ပျင်းရိပျင်းတွဲလေသံနဲ့ ပြောလာတယ်။

"သူ့ကြည့်ရတာ တစ်ယောက်ယောက်က ပြုစားထားသလိုပဲ ပုံမှန်မဟုတ်ဘူး"

သူပြောနေတုန်းမှာပဲ အမှောင်ထုထောင့်တစ်နေရာကနေ မိန်းကလေးဆန်ဆန် ရယ်သံတစ်ခုထွက်လာတယ်။သူမရဲ့ ရယ်သံက ငွေရောင်ဆည်းလည်းသံလို ရွှင်ပျပျအသံလေးပါ။ဒါပေမဲ့ခုလို သွေးစွန်းနေတဲ့ အခြေအနေမှာ အဲ့ရယ်သံကြီးက ကျွန်မတို့အတွက် နားဝင်ချိုမနေပါဘူး။လှပတဲ့ နားရွက်ချွန်ချွန် ၊ သွေးရောင်ဥနေတဲ့ ပါးပြင် ၊ ပန်းရောင်ဂါဝန်လေးနဲ့ သူမက အမှောင်ထုထဲကနေထွက်လာတယ်။

သူမကတော့ ရက်စက်ကြမ်းကြုတ်တဲ့ မိန်းကလေး မီဖူပါ။

ရုတ်တရက်ကြီး ကျွန်မခေါင်းတောင်ကိုက်လာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now