အခန်း-(၆၄) ပြန်ရောက်လာတာက နောက်ထပ်အစပျိုးမှုတစ်ခုပါ

178 31 1
                                        

Zawgyi


ကျောက်Sစီစဉ်ပေးတဲ့ အိပ်ဆောင်မှာ နျွယ့်ကျွမ်းနဲ့ ကျွန်မ ကိုယ်လက်သန့်စင်ပြီးသွားတော့ အချိန်က ညဆယ်နာရီရှိနေပါပြီ။ပြီးတာနဲ့ ကျောက်Sနဲ့ပြန်ချိန်းထားတဲ့ အကယ်ဒမီကျောင်းဝင်ပေါက်နားက ကျောက်တုံးစားပွဲစီ ရောက်လာခဲ့ကြပါတယ်။

နျွယ့်ကျွမ်း ၊ ကျဲပ နဲ့ ကျွန်မတို့သုံးယောက်လုံးရောက်တဲ့ချိန်မှာ ကြွက်သားနဲ့ ထောင်လဲ့ရယ် ပတ်တီးနဲ့ မူလိတို့က ကျောက်Sကို ကိစ္စတွေအစီရင်ခံနေကြပါတယ်။

"ပတ်တီးလေးရေ...မတွေ့တာကြာပြီနော်"

ကျွန်မအပေါ် သိသိသာသာ အမြင်မကြည်တဲ့ ပတ်တီးလူသားကို စပြီးနှုတ်ဆက်လိုက်တယ်။ပြောရရင် ပတ်တီးတွေ အထပ်ထပ်ပတ်ထားတဲ့ သူ့ပုံစံကလည်း ကျွန်မ မနှုတ်‌ဆက်ဘဲ မနေနိုင်အောင် စိတ်ဝင်စားစရာဖြစ်နေတာမို့ပါ။ဒါကြောင့် ရှေ့တစ်လှမ်းတိုးပြီး သူ့ခေါင်းနားတစ်ဝိုက်က ပြေကျနေတဲ့ ပတ်တီးစတစ်စကို အူယားလာလို့ သွားဆွဲကြည့်လိုက်တယ်။

သူက ဘာစကားမှ မပြောဘဲ စိတ်တိုသွားတဲ့အမူအရာနဲ့ ကျွန်မကို ဟာသလိုလို စူးစူးဝါးဝါး စိုက်ကြည့်လာတယ်။

ကျောက်Sကလည်း မူလိကို တစ်ချက်စိုက်ကြည့်ပြီး ကျွန်မတို့ကိုပြောလာတယ်။

"ကျွန်မ အဲ့အကြောင်းမေးကြည့်ပြီးပြီ ပြောရရင် သူ့ပတ်တီးမှာ ရှင်တို့တွေ ပိုးကောင်အနံ့ရနေခဲ့တာက သူကိုယ်တိုင်ကလည်း အဲ့လိုအကောင်ကိုက်ခံထားရလို့ပဲ"

"ဘယ်လို ဘယ်လို?"

မူလိက နည်းနည်းရှက်ရွံ့ရွံ့ဖြစ်နေပေမဲ့ ကျောက်Sက သူ့ကိုပြန်စိုက်ကြည့်လာတော့မြင်တော့ ချက်ချင်းပဲ သူ့လက်မောင်းက ပတ်တီးစကိုဖြည်ပြလာတယ်။

ပတ်တီးပြေသွားတော့ မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ကျွန်မဆွံ့အသွားတယ်။

သူ့ဘယ်ဘက် လက်မောင်းတစ်ခုလုံးက ဖြူဖြူဖွေးဖွေး အကောင်တွေနဲ့ ပြည့်ကျပ်နေပါတယ်။ပြောရရင် ကျောင်းအဆောက်အဦးကနေ ပြုတ်ကျသေခဲ့တဲ့ လူရဲ့နောက်ကျောမှာ ကိုက်ဖြတ်နေခဲ့တဲ့ ပိုးတုံးလုံးကောင်တွေနဲ့ တူတူပါပဲ။ကွာခြားတာတစ်ခုကတော့ ဒီအကောင်တွေက မူလိရဲ့ အသားကို မစားကြပါဘူး။သူတို့တွေက မူလိ လက်မောင်းသားထဲမှာပဲ မလှုပ်မယှက် ‌ကျစ်ကျစ်ပါအောင် ကျောက်ချနေနေကြတာပါ။ဘာနဲ့တူလဲဆိုရင် မူလိလက်မောင်းတစ်ခုလုံး အဖြူရောင်ကျောက်တုံးလမ်း ခင်းထားခံရသလိုမျိုး တစ်ပုံစံထဲတူနေပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Donde viven las historias. Descúbrelo ahora