အခန်း-(၁၂၉) ခွဲထုတ်သင်္ကေတရဲ့ကျိန်စာ

141 26 8
                                        

Zawgyi

Volume 3 Start

အခန်း-(၁၂၉) ခွဲထုတ်သင်္ကေရဲ့ကျိန်စာ

"မင်းဘာတွေတွေးနေတာလဲ?"

နေအိမ်အဆောက်အအုံ ခေါင်မိုးထပ်မှာ ကျွန်မအတွေးတွေ တော်တော်ကြာတဲ့ထိ လွှင့်မျှောနေတုန်း ကျွန်မ ဘေးနားလျှောက်လာတဲ့ ဟွမ်ချင်းကြောင့် အတွေးစပြတ်သွားခဲ့တယ်။

ကျွန်မ သူ့ကို မှိန်းခနဲ မော့ကြည့်ရင်း ခေါင်းကို ခါယမ်းလိုက်တယ်။

သူက သူ့ဝတ်စုံအဖြူညစ်ပတ်မှာကို လုံးဝမကြောက်ဘဲ ကျွန်မဘေးနားက ကြမ်းပြင်ပေါ်ထိုင်ချလာတယ်။

"လီရှန်း ကျေးဇူးတင်ပါတယ်...ကောင်းချင်းကျုံယဲ့ကို တားဖို့ မင်း အကောင်းဆုံး မကြိုးစားခဲ့ရင် မီဖူက တားမြစ်ဇုန်မှာ ခုလိုပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ ဖြစ်နိုင်ပါ့မလားဆိုတာ ဘယ်သူသိနိုင်မှာလဲ"

ဟွမ်ချင်းက ခုလိုမျိုး တစ်ယောက်ယောက်ကို ကျေးဇူးတင်တဲ့အကြောင်းကြားရတာ တကယ်ရှားပါတယ်။

ဒီတော့ ကျွန်မ အဝေးကို လှမ်းကြည့်မိတယ်။

"အခု သူပျော်နေပြီလား"

ဟွမ်ချင်းက နှုတ်ဆိတ်နေပါတယ်။

ကျွန်မ သက်ပြင်းတစ်ချက်ချလိုက်တယ်။

"ဟွမ်ချင်း...ရှင် ကျွန်မကို ကျေးဇူးတင်နေစရာ မလိုပါဘူး အခု သူ့မှာရှိသမျှ အရာအားလုံးအတွက် သူကသာရှင့်ကို ကျေးဇူးတင်ရမှာပါ ပြောရရင် တစ်ခုခုနဲ့ ပတ်သက်ပြီး သူ မကြိုက်ဘူး မပျော်ဘူးဆိုရင်တောင် အဲ့ဒါကို ရှင်ပြောင်းလဲနိုင်မှာ မဟုတ်ပါဘူး သူ့နှလုံးသားကအလိုရှိတဲ့နေရာမှာပဲ သူကောင်းကောင်းနေနိုင်မှာပါ...နောက်ပြီး ရှင်နဲ့ ပတ်သက်တာ‌ပြောရရင် ရှင် သူ့ကို အသက်ရှင်နေစေချင်တာလား ဒါမှမဟုတ် ပျော်ရွှင်တဲ့ဘဝနဲ့နေစေချင်တာလား ဆိုတာ ရှင်စဉ်းစားရလိမ့်မယ်"

ဟွမ်ချင်းက ခါးခါးသီးသီး ပြုံးလာပါတယ်။

"ဘဝက ခက်ခဲလာတဲ့အခါ ပျော်ရွှင်တဲ့ဘဝကို လိုချင်တာက လက်လှမ်းမမီနိုင်တဲ့ အိပ်မက်တစ်ခုပါပဲလေ"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now