Zawgyi
အခန်း-(၈၉) သက်ရှိလက်နက်
ဂျွတ်...ဂျလွတ်...လွတ်!
သစ်ပင်သုံးတန်းတောင် ပြိုကျသွားပါတယ်။
"ဝိုး! တကယ့်ကို အားပြင်းတယ်တော့!"
ကျွန်မ ဘယ်ဘက်လက်ကောက်ဝတ်ကို လှည့်ပတ်ကြည့်ရင်း တအံ့တသြနဲ့ အော်လိုက်မိတယ်။
ဆန့်ကျင်ဘက်အနေနဲ့ တလိုင်က ပြုံးရင်း ခေါင်းခါနေပါတယ်။
"ဒါက အရမ်းအားနည်းနေသေးတယ် MF မှာ မင်းရဲ့တိကျမှုက အရမ်းမပြင်းထန်ဘူးဆိုတာ သိသာတယ် ပြောရရင် ဒီအပိုင်းမှာ ဆုန်းလုက မင်းထက်ပိုတောင် ကောင်းသေးတယ်"
ဆုန်းလုကို တွေးမိတော့ ကျွန်မခေါင်းငုံ့ပြီး တိတ်ဆိတ်သွားမိတယ်။ဆုန်းလုရဲ့ တိကျတဲ့ MF ထိန်းချုပ်နိုင်စွမ်းက အနောက်ဘက်ခရိုင်မှာ လူသိများတဲ့ စွမ်းရည်တစ်ခုပါ။ပြောရရင် အရင်က ကျွန်မကို သူမတစ်ခါသင်ပေးဖူးပေမဲ့ ကျွန်မကသာ သင်ယူဖို့ အမြဲတမ်း စိတ်ရှုပ်နေခဲ့တာ မဟုတ်လား။
"တားမြစ်ဇုန်မှာရှိနေတဲ့ မင်းရဲ့ခန္ဓာကိုယ်ဆိုတာ မင်းရဲ့စိတ်ဝိညာဉ် ထင်ဟပ်မှုကနေ ဖြစ်တည်လာတာပဲ တစ်နည်းပြောရရင် မင်းရဲ့ဖြစ်တည်မှုကနေ မင်းခန္ဓာကိုယ်အတွင်းက ဆဲလ်တစ်ခုချင်းစီကို အာရုံခံကြည့်နိုင်ပြီဆိုရင် အဲ့ကတစ်ဆင့် စူပါ ပါဝါတွေရလာမှာပဲ-
မင်းခန္ဓာကိုယ်က တကယ်ပဲ အဲ့လိုအတိအကျ အာရုံခံနိုင်ပြီဆိုရင် မင်းရဲ့ MF ကိုလည်း အတိအကျထုတ်လာနိုင်ပြီး တိုက်ခိုက်တဲ့ခွန်အားအပေါ် တိုက်ရိုက်အားက သက်ရောက်လာလိမ့်မယ်-
ဘာနဲ့တူလဲဆိုရင် MFနဲ့ တိုက်ခိုက်ရေးနည်းဗျူဟာတစ်ခု တီထွင်နေတာနဲ့တူတယ် ပြောရရင် မင်းကိုယ်တိုင်လည်း အဲ့နည်းစနစ်ကို သဘောကျပြီး စမ်းကြည့်ချင်လာလိမ့်မယ်-
ဥပမာထပ်ပြောရရင် လက်တွေ့ကမ္ဘာမှာ မရှိတဲ့ ထူးဆန်းတဲ့ အရာတွေကို တားမြစ်ဇုန်မှာတော့ MF သုံးပြီးသေသေချာချာ ဖန်တီးနိုင်တယ်ဆိုတဲ့သဘောပဲ ဒါပေမဲ့ အဲ့လိုဖန်တီးနိုင်ဖို့က မင်းအနေနဲ့ အခြေခံ ရူပဗေဒ သဘောတရားနဲ့ မော်လီကျူးတွေရဲ့ အသုံးဝင်ပုံကို နားလည်နေမြှဖစ်မှာ-
YOU ARE READING
တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]
HorrorTitle : Split Zone 13 ( 禁裂区13号 ) Author : Yu Wei ( 虞薇 ) Raws : 17K 小说作品翻译自ChineseAll中文在线 17K小说网 Status in COO : 323 Chapters (com) English Publisher : Volare Novels Translated by : Hilda Eng-translation Authors : may...
![တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]](https://img.wattpad.com/cover/309949187-64-k442962.jpg)