Zawgyi
အခန်း-(၁၂၁) ရင်သပ်ရှုမောဖွယ်အလှတရားပိုင်ရှင် စူလော်
ကျွန်မတို့ရဲ့ အစီအစဉ်တွေအားလုံးကို နျွယ့်ကျွမ်းကို စိတ်ရှည်ရှည်နဲ့ သေချာ အစအဆုံးပြန်ရှင်းပြခဲ့တယ်။
နျွယ့်ကျွမ်းက လက်အိတ်ဝတ်ထားတဲ့ သူ့လက်နှစ်ဖက်နဲ့ သူ့ နားရွက်တွေကို လက်ညှိုးထိုးပြရင်း ပြုံးလာတယ်။
"ငါ့ရဲ့အာရုံငါးပါးက သာမန်လူတွေထက် ပိုပြီး ထိလွယ်ရှလွယ်ဆိုတာကို မင်းမေ့သွားပြီလား ပြောရရင် မင်းပြောခဲ့သမျှ ငါအားလုံးကြားတယ်"
.....
ဒါနဲ့များကျွန်မသူ့ကို အချိန်ကုန်ခံပြီး ဘာလို့ရှင်းပြနေရတာပါလိမ့်?ရှင်ကလည်း စောစောကနေ ဘာလို့ မပြောခဲ့တာလဲလို့?
နေပါဦး...ဆိုလိုတာက သူကျွန်မကို သဘောကျနေတာလား မကျဘူးလားဆိုတာကို ကျွန်မနဲ့ကျောက်Sအတင်းတုပ်နေခဲ့ကြတာကော သူကြားခဲ့တယ်ဆိုတဲ့သဘောလား?
ဘုရားရေ!
ကျွန်မ ကျောက်Sကို ရှက်ကိုးရှက်ကန်းနဲ့ လှမ်းကြည့်လိုက်တော့ သူမကတော့ ပုံမှန် အမူအရာအတိုင်းပါပဲ။
ကွမ်းနျွယ့်ကတော့ စူးစူးရဲရဲ မျက်လုံးတွေနဲ့ ကျွန်မကို ကြည့်လာတယ်။
"ရုပ်ဆိုးမလေး...မင်းကိုကူညီဖို့ ငါဒီကိုတစ်လမ်းလုံးလျှောက်လာခဲ့ရတာကို မင်းကအဖက်တောင် မလုပ်ဘူးလား"
ရှင် ကျွန်မကိုကူညီဖို့ဒီကိုလာနေတာဆိုတာသေချာလား? ရှင့်လို နုနုဖက်ဖက်လေးကလေ??
ကျွန်မ ရယ်ရယ်မောမောနဲ့ တုန့်ပြန်ခဲ့တယ်။
"ငါ့ရဲ့ S အဖွဲ့ထဲက လူတချို့ကို အရှေ့ဘက်နဲ့ အနောက်ဘက်ခရိုင်နယ်စပ်တလျှောက်မှာ နေရာချထားပေးခဲ့ပြီးပြီး ပြောရရင် ငါနင်နဲ့ မတွေ့ခင်မှာ နင့်ရဲ့ ဗျူဟာမှူးကျဲပနဲ့လည်း သေချာ ဆွေးနွေးခဲ့ပြီးပြီ သူကလည်းသူ့ထောက်လှမ်းရေးကွန်ရက်နဲ့ အတူ သတင်းပေးသူအားလုံးကို အနောက်ဘက်ခရိုင်အနှံ့နေရာ ချထားခဲ့ပြီးပြီ-
DU LIEST GERADE
တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]
HorrorTitle : Split Zone 13 ( 禁裂区13号 ) Author : Yu Wei ( 虞薇 ) Raws : 17K 小说作品翻译自ChineseAll中文在线 17K小说网 Status in COO : 323 Chapters (com) English Publisher : Volare Novels Translated by : Hilda Eng-translation Authors : may...
![တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]](https://img.wattpad.com/cover/309949187-64-k442962.jpg)