အခန်း-(၁၃၃) အကြွင်းမဲ့မှန်ကန်မှု

109 23 0
                                        

Zawgyi


မီဖူထွက်သွားပြီးတာနဲ့ ကျောက်Sနဲ့ ကျွန်မတို့ အကယ်ဒမီ‌ကျောင်းဆောင်ဘက်ကို လာခဲ့ကြတယ်။

ဒီတောအတွင်း စူလော်နဲ့ ကောင်းချင်းကျုံယဲ့တို့က တစ်ခန်းထဲ နေနေကြတာပါ။ဒါကြောင့်လည်း ကွမ်းနျွယ့်ထွက်သွားခဲ့တာ အံ့သြစရာမရှိပါဘူး။ သူ့မျက်နှာလှလှလေးပေါ်က အသည်းကွဲပြီး နာကျင်ကြေကွဲနေမဲ့ အမူအရာကို ကျွန်မတွေးကြည့်လို့တောင်ရပါတယ်။

ဒါပေမဲ့ အဲဒါနဲ့ ပတ်သက်ပြီး ဘာမှစောဒကတက်စရာမရှိပါဘူး။ဒါက ကောင်းချင်းကျုံယဲ့ရဲ့ ရွေးချယ်မှုဖြစ်လို့ပါ။

ပြောရရင် ကျွန်မ ကောင်းချီကို အရူးအမူးစွဲလန်းမိတုန်းကလို ထိန်းမနိုင်သိမ်းမနိုင်ဖြစ်မိသလိုပေါ့။

အခန်းရှေ့ရောက်တော့ တံခါးခေါက်ခါနီးမှာ ကျောက်Sက နည်းနည်းစိတ်လှုပ်ရှားနေပုံရတယ်။စူလော်ကိုတွေ့ရတော့မှာမို့ သူမဒီလိုဖြစ်နေတာထင်တယ်။ပြောရရင် ကျွန်မ အိမ်ခေါင်မိုးပေါ်မှာရှိနေတုန်း စူလော်ကို သူမကိုယ်တိုင်ကိုယ်ကျ တစ်ခါမှလာမတွေ့ဖူးသလိုပါပဲ။သူမ အဲ့လိုလုပ်နေပုံ‌နဲ့တော့လေ ကြာရင်အလုပ်ဖြစ်မှာမဟုတ်‌တော့ဘူး။ကြည့်ရတာ ကျွန်မ ကြားဝင်ပါတာပဲ ပိုကောင်းမလားလို့ တွေးမိတယ်။

"ဝင်ခဲ့ပါ"

စူလော်ရဲ့ ရှင်းလင်းပြတ်သားတဲ့ အသံကိုကြားပြီးနောက်မှာတော့ ကျွန်မ တံခါးကို တွန်းဖွင့်လိုက်တယ်။

တားမြစ်ဇုန်မှာရှိတဲ့ အခန်းတွေ အားလုံးက တစ်ပုံစံထဲဖြစ်တာကြောင့် ပြတင်းပေါက်ဘေးရှိနေတဲ့ နှစ်ထပ်ကုတင်ဆီ ကျွန်မ သဘာဝကျကျ လှမ်းကြည့်လိုက်တယ်။စူလော်က အောက်ထပ်မှာ ထိုင်နေပါတယ်။

ကောင်းချင်းကျုံယဲ့...

ကျွန်မ လှည့်ကြည့်လိုက်တော့ စူလော်နဲ့ ဆန့်ကျင်ဘက်နံရံနားက သူ့ကို တွေ့လိုက်ရတယ်။

သူက နံရံကို ငြိမ့်ငြိမ့်ညောင်းညောင်း မှီထားပါတယ်။မာနကြီးတဲ့သူ့ရဲ့ အမူအကျင့်က ကျဲပနား သန့်ရှင်းတဲ့ အဝတ်အစားတွေ တောင်းဆိုဖို့ကို တားဆီးထားနိုင်ပုံရတယ်။ဘာလို့ဆိုသူ့ရဲ့ အဝါရောင် တောက်ပြောင်နေတဲ့ ဖိနပ်တွေက ခုထိသွေးစွန်းထင်းနေသေးတာကြောင့်ပါ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now