Zawgyi
အခန်း-(၁၀၈) ပြန်လည်မွေးဖွားခြင်းဖြစ်ရပ်
"ဒီအရာတွေအားလုံးက ဝိညာဉ်ခွဲထုတ်သူ တုယွဲ့ရဲ့ အခြေခံစမ်းသပ်ချက်တွေဆိုတာ ရှင်တို့အားလုံး မျက်မြင်တွေ့ပြီးပြီ မဟုတ်လား ကျွန်မ ပြောချင်တာ သူက သစ္စာဖောက် ယုံချီရယ် တောင်ဘက်ခရိုင်က ဝိညာဉ်လုယူသူ ရုံကျင့်နဲ့ အတူ အလုပ်လုပ်နေတယ်ဆိုတာပဲ"
ကျွန်မနောက်က အုပ်စုကို ပြောနေရင်းကနေ အရမ်းကြီးတဲ့ စက်ကိရိယာကို ညွှန်ပြလိုက်တယ်။
သူတို့တွေက တိတ်ဆိတ်နေကြပြီး ကျွန်မနောက်ထပ် ညွှန်ကြားလာမှာကို တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း နားစွင့်နေကြပါတယ်။
နောက်ဆုံးတော့ နျွယ့်ကျွမ်းရဲ့ မျက်လုံးတွေနဲ့ အကြည့်ချင်းဆုံမိသွားတယ်။
ကျွန်မ သူ့ကို စက္ကန့်အနည်းငယ်ကြာတဲ့ထိ စိုက်ကြည့်နေတော့ သူက နားမလည်နိုင်တဲ့အမူအရာနဲ့ ကျွန်မကိုပြန် ကြည့်လာတယ်။
နျွယ့်ကျွမ်း ကျွန်မ ဒါကို ရင်ဆိုင်တော့မြှဖစ်မယ်။
ကျွန်မ သူတို့အုပ်စုကို မျက်နှာမူရင်းကနေ ဒူးကို ဖြည်းဖြည်းချင်း ကွေးပြီး ကြမ်းပြင်ပေါ်မှာ ဒူးထောက်လိုက်တယ်။
ကြမ်းပြင်ပေါ်ရှိနေတဲ့ သွေးတွေက ကျွန်မရဲ့ သွေးနီရောင်ဝတ်စုံထဲ စိမ့်ဝင်သွားပြီး အနီရောင်သွေးကွက်တွေပွင့်လာခဲ့တယ်။ကျွန်မ ဘာစကားမှ မပြောရသေးခင် ကျွန်မရှေ့က ထိတ်လန့်တုန်လှုပ်နေတဲ့ သူတို့အမူအရာတွေကို စိုက်ကြည့်မိတယ်။
"လီချင်းထွက်သွားခဲ့ပေမဲ့ ရှင်တို့ရဲ့နှလုံးသားတွေက လီချင်းနဲ့ အတူရှိနေတုန်းဆိုတာ ကျွန်မသိတယ် ပြောရရင် သူထွက်သွားပြီးတဲ့နောက် အနောက်ဘက်ခရိုင်က အသက်မဲ့တဲ့နေရာတစ်ခုလို ဖြစ်လာခဲ့တယ်-
အဲ့ချိန် ကျွန်မကတော့ အခန်းထဲက လုံးဝမထွက်ခဲ့ဘဲ အရာအားလုံးကို ယုံချီဆီကို လွှဲခဲ့မိတယ်..ယုံချီက အရူးတစ်ယောက်လိုဖြစ်ခဲ့ပြီး အရာရာပေါ် သူကိုင်တွယ်ခဲ့တဲ့နည်းလမ်းကို ရှင်တို့တွေ လွန်ဆန်နိုင်ခွင့်မရှိခဲ့သလို ဘာမှလည်း ပြောခွင့်မရခဲ့ကြဘူး ကျွန်မကလည်း ခရိုင်မှူးတစ်ယောက်လုပ်နေပြီး ဘာဆို ဘာမှမသိခဲ့ဘူး-
YOU ARE READING
တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]
HorrorTitle : Split Zone 13 ( 禁裂区13号 ) Author : Yu Wei ( 虞薇 ) Raws : 17K 小说作品翻译自ChineseAll中文在线 17K小说网 Status in COO : 323 Chapters (com) English Publisher : Volare Novels Translated by : Hilda Eng-translation Authors : may...
![တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]](https://img.wattpad.com/cover/309949187-64-k442962.jpg)