အခန်း-(၄၉) လျှို့ဝှက်ဆန်းကြယ်တဲ့ ကျူးလွန်သူ

168 30 0
                                        

Zawgyi

အခန်း-(၄၉) လျှို့ဝှက်န်းကြယ်တဲ့ ကျူးလွန်သူ

နျွယ့်ကျွမ်းပြောတာနားထောင်ပြီး ကျွန်မစိတ်တွေ မသက်မသာဖြစ်လာမိတယ်။

"မင်းရဲ့ မြားတစ်ချောင်းပေး"

သူဘာလုပ်မယ်ဆိုတာ မသိပေမဲ့လည်း ကျွန်မကျောပေါ်က မြားတစ်ချောင်းကိုတော့ ပေးလိုက်ပါတယ်။သူက လက်အိတ်ဝတ်ထားတဲ့ သူ့ရဲ့ဘယ်လက်နဲ့ မြားကိုယူပြီး ဟွမ်ချင်းရဲ့လက်မောင်းထဲ ထိုးစိုက်လိုက်တယ်။

"ရှင်ဘာတွေလုပ်နေတာလဲ!!"

ကျွန်မ လန့်ဖျတ်ပြီး အသားကုန်အော်လိုက်တယ်။ကျွန်မမြားကဖြင့် ထိမိရင် အဆတစ်ရာလောက်နာကျင်ရမှာမို့ တော်ရုံလူတောင် မခံနိုင်တဲ့ဟာ ဟွမ်ချင်းလို ဒဏ်ရာရနေတဲ့သူက ဘယ်လိုလုပ်ပြီး ခံနိုင်မှာတဲ့လဲ!

နျွယ့်ကျွမ်းက ကျွန်မမေးတာကိုပြန်မဖြေလာပါဘူး။ခဏကြာ‌တော့ ဟွမ်ချင်းက နာကျင်နေတဲ့ ပုံနဲ့လန့်နှိုးလာပါတယ်။ဒီတော့မှ နျွယ့်ကျွမ်းက ဟွမ်ချင်းရဲ့ လက်မောင်းကမြားကို ပြန်ဆွဲထုတ်လာတယ်။သွေးတွေက ဒလဟောစီးကျလာပါတယ်။နောက်တော့ ဟွမ်ချင်းကမျက်လုံးဖွင့်လာတယ်။သူ့မျက်ဝန်းတွေမှာ အရမ်းကိုနာကျင်နေတဲ့ အငွေ့အသက်တွေ ပြည့်နေပါတယ်။

နျွယ့်ကျွမ်းက မြားကိုပစ်ချလိုက်ပြီး ပြောလာတယ်။

" Sorry....မင်းက သတိလစ်နေတာဆိုတော့ ဘယ်လိုနှိုးရမှန်းမသိတော့လို့ ငါဒီလိုလုပ်လိုက်တာ ဒါပေမဲ့ မင်းရဲ့စိတ်စွမ်းအားမရှိတော့တာကြောင့် မင်းဒီလောက်ပဲနာကျင်နေရတာ တော်သေးတယ်ပြောရမယ်"

ဟွမ်ချင်းက မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း နာကျင်မှုကိုတောင့်ခံနေပါတယ်။ကြည့်ရတာ ကျွန်မမြားမှာပါနေ‌တဲ့ အဆတစ်ရာနာကျင်စေတဲ့ဆေးစွမ်းပြနေပြီထင်တယ်။အရင်က သူ့ရဲ့ရှင်းသန့်တည်ကြည်တဲ့ အသွင်အပြင်ကိုတွေးမိသွားတော့ ကျွန်မ မသနားဘဲ မနေနိုင်‌တော့ပါဘူး။သူကတော့ တုန်တုန်ယင်ယင်နဲ့ နျွယ့်ကျွမ်းကို မော့ကြည့်လာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Wo Geschichten leben. Entdecke jetzt