အခန်း-(၉၈) ကျွန်မကနတ်ဆိုးပါ!

124 27 0
                                        

Zawgyi

အခန်း-(၉၈) ကျွန်မကတ်ဆိုးပါ

"ဒီကိစ္စကို သိပ်စဉ်းစားမနေနဲ့ ဘယ်လိုဖြစ်လာမလဲဆိုတာ မီးစင်ကြည့်ကကြတာပေါ့...ဘယ်သူသိမလဲ အချိန်တန်ရင် ငါတို့တားမြစ်ဇုန်ထဲပြန်ရောက်ရင် ရောက်နေမှာကို"

ကောင်းချင်းကျုံယဲ့ရဲ့ မျက်ဝန်းတွေက ကြည်လင်တောက်ပနေပါတယ်။

ဒီကမ္ဘာပေါ်မှာ ကျွန်မနဲ့ ဆက်သွယ်နိုင်တဲ့ တစ်ဦးတည်းသော ပုဂ္ဂိုလ်ကို ကြည့်ရင်း ကျွန်မရင်ထဲ သက်ပြင်းချမိတယ်။သူက ကျွန်မရဲ့ရန်သူဖြစ်နေတာကို!

ကောင်းချီ...ကျွန်မတို့ရဲ့ ဆက်ဆံရေးက တကယ်ကို ရှုပ်ထွေးပါတယ်။

"သွားရအောင်...ကျွန်မ ရှင့်ကိုလိုက်ပြမယ်"

ကျွန်မ ဆံပင်ကို သပ်သင်ရင်း ပြောလိုက်တယ်။

ကျွန်မတို့တွေ နောက်ဆုံးတော့ လမ်းမကိုဖြတ်လာခဲ့ပြီး တက္ကသိုလ်ထဲရောက်လာပါတယ်။

ကောင်းချင်းကျုံယဲ့ရဲ့ မျက်ဝန်းတွေက စိတ်ဝင်စားစရာတစ်ခုခုမြင်ရတော့မဲ့အတိုင်း တက်ကြွနေပါတယ်။သူ့ရဲ့ ဒီလိုတက်ကြွတဲ့ပုံစံက ကျွန်မကို တကယ်ပဲပြုံးမိစေတယ်။ပြောရရင် သူအဲ့‌လိုတက်တက်ကြွကြွ နေတတ်တာ ကျွန်မ တစ်ခါမှ မမြင်ဖူးခဲ့တာကြောင့်လည်းပါပါတယ်။

တက္ကသိုလ်‌ဝင်းထဲ စရောက်ရောက်ချင်း ကောင်းချင်းကျုံယဲ့က ဘေးပတ်ပတ်လည်ကို အကဲခတ်ကြည့်ဖို့ ရပ်လိုက်ပါတယ်။

"ဒီနေ့ လက်ချာချိန်ရှိနေတော့ ငါအတန်းမတက်လို့ မရတော့ဘူး အမလေး ဘယ်လိုတောင် ကံကောင်းနေတာပါလိမ့်"

ဖြတ်သွားတဲ့ ကျောင်းသူ ကောင်မလေးနှစ်ယောက်ထဲ တစ်ယောက်က ညည်းညူ‌ရင်းပြောနေတာပါ။

အဲ့အခိုက်အတန့် ကျွန်မ ဝမ်းနည်းအားငယ်လာမိတယ်။

လက်ချာချိန်တဲ့လား...အဲ့အသုံးအနှုန်းတွေက ကျွန်မနဲ့ ဝေးနေခဲ့တာ ‌ဘယ်လောက်တောင်ကြာခဲ့ပြီလဲ။ကျွန်မ အသက်ရှင်တုန်းကတော့ ကိုယ့်မှာရှိတဲ့အရာတွေကို မချစ်တတ်ခဲ့ဘဲ တားမြစ်ဇုန်မှာလာပြီး အဆုံးသတ်တော့မှ ကိုယ့်မှာရှိတာတွေကို တန်ဖိုးထားရမှန်းသိလာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now