အခန်း-(၇၆) မင်းကို ကာကွယ်ဖို့ရာ

149 27 2
                                        

Zawgyi


အတိတ်ကဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြန်တွေးနေတုန်းမှာပဲ နျွယ့်ကျွမ်းရဲ့ လွမ်းမောစရာ ရီဝေဝေမျက်နှာကိုပါ ပြန်မြင်ယောင်လာ‌တော့ ကျွန်မ အတွေးတွေက ရုတ်တရက်ရပ်သွားခဲ့ပါတယ်။

ပြောရရင် ကျွန်မအသိစိတ်တွေက လက်ရှိ အမှောင်ထုထဲရောက်နေတဲ့အချိန်ကို ပြန်ရောက်လာတယ်။

အမှောင်ထုထဲမှာ‌တော့ ကျွန်မက မောဟိုက်နေတုန်းပါပဲ။ပြီးတော့ ရှည်ထွက်လာပြီး ပြန်ကောင်းလာတဲ့ ကျွန်မလက်ကို စမ်းကြည့်‌လိုက်တယ်။ကျွန်မက ခုချိန်မှာတော့ လက်တစ်ဖက်ဆုံးရှုံးလိုက်ရလို့ တွေဝေနေပြီး ဘာမှမလုပ်နိုင်တဲ့ လူသစ်တစ်ယောက်မဟုတ်တော့ပါဘူး။

ဒါကြောင့် ကျွန်မရဲ့ MF ကို မျက်လုံးနဲ့နားတွေထဲပို့လိုက်ပြီး အမှောင်ထုထဲ ပိုအာရုံစိုက်ကြည့်မိတယ်။မှောင်မည်းနေတဲ့ကြားကနေ နျွယ့်ကျွမ်းရှိနေတဲ့ နေရာကို အာရုံခံမိသွားရင်လည်းစိတ်ကျေနပ်စရာပဲ မဟုတ်လား။

နေပါဦး တလိုင်က ဘာလို့ခုထိ ဒီလိုလုပ်နေသေးတာလဲ?

သူပြောပုံအရဆိုရင် ကျွန်မကို ဒီလိုလုပ်ခဲ့တာက လီချင်း သင်ပေးခဲ့တာ ပြန်အမှတ်ရစေချင်လို့လား? ရှင်းရှင်းပြောရရင် တစ်ခြားသူတွေကို မယုံဖို့ရာ သူက ကျွန်မကို သတိပေးချင်နေတာလား?

မဖြစ်နိုင်ဘူး...ကျွန်မတော့ အဲ့လိုဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့ထင်တယ်...

ပြောရရင် သူက ကျွန်မ အတိတ်အကြောင်း ဘယ်လိုသိမှာတဲ့လဲ?

ကျွန်မစိတ်ထဲမှာ ဖြစ်နိုင်ချေအားလုံးကို တွက်ဆကြည့်နေရင်း နောက်ဆုံးမှာ အလင်းပွင့်လာတယ်။

"နျွယ့်ကျွမ်း...ကျွန်မလက်ကလေ အမှောင်ထဲကနေ ထူးထူးဆန်းဆန်းပေါ်လာတဲ့ လက်ကနေ ဆွဲဖြတ်ခံလိုက်ရတာသိလား"

အမှောင်ထဲမှာ နျွယ့်ကျွမ်းက တိတ်ဆိတ်နေပြီး ခဏအကြာမှ ပြန်ဖြေလာတယ်။

"အဲ့ဒါကြောင့် လီချင်း မင်းလက်မောင်းကို ဖြတ်ခဲ့တဲ့အချိန်ကို ပြန်စဉ်းစားမိသွားတယ်မလား"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now