အခန်း-(၁၅) လူသတ်မှုနဲ့ ကံကြမ္မာဆိုး

223 36 0
                                        

Unicode

အနက်ရောင်ဝတ်စုံဝတ်ထားကြတဲ့ ကျွန်မတို့ ငါးယောက်လုံး ခရီးထွက်လာရင်း အနောက်-အရှေ့နယ်စပ်မျဉ်းနားရောက်လာခဲ့ကြပါတယ်။ကောင်းကင်က နည်းနည်းလင်းလာပါပြီ။နယ်စပ်မျဉ်းကိုဖြတ်ပြီး အရှေ့ဘက်ခရိုင်သစ်တောထဲရောက်လာ‌ခဲ့ပြီမို့ ကျွန်မ စိတ်အေးလက်အေး သီချင်းညည်းနေမိတယ်။

"တော်တော့...သီချင်းဆိုနေရအောင် မင်းသေမှာမကြောက်ဘူးလား"

နျွယ့်ကျွမ်းက ကျွန်မကို လှောင်သလိုပြောလာ‌တော့ ကျွန်မသူ့ကို ဂရုမစိုက်ဘဲ ဆက်ဆိုနေလိုက်တယ်။

ခဏအကြာတော့ ကျွန်မတို့တွေ သစ်တောထဲဖြတ်လျှောက်လာခဲ့ကြတယ်။ရုတ်တရက် ကျွန်မတို့ရှေ့ကနေ ပုံရိပ်တစ်ခု လှုပ်ရှားနေတာကို ကျွန်မသတိထားမိလိုက်တယ်။အဲ့ပုံရိပ်ကို ကျွန်မသေချာစိုက်ကြည့်လိုက်တော့ အရမ်းကိုလှတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပါတယ်။သူမရဲ့ မျက်လုံးလေးတွေက ကြည်လဲ့တောက်ပနေပြီး စင်ရော်မျက်ခုံးလေးနဲ့ပါ။

ထူးခြားတာတစ်ခုက သူမဆံပင်က ဆွတ်ဆွတ်ဖြူနေပါတယ်။‌ဆံပင်တွေက သူမခြေကျင်းဝတ်နားထိ ဝဲကျနေပုံအရ 1.5 မီတာ(4' 11")နီးပါးလောက် ရှည်မဲ့ပုံပါ။သူမရဲ့ အသားအရေက‌တော့ ကျောက်စိမ်းလေးလို ကြည်လင်နေပါတယ်။အဖြူရောင်ဝတ်စုံဝတ်ပြီး ကနေတဲ့ သူမရဲ့ပုံရိပ်ကို မြင်တဲ့သူတိုင်း ကြောက်လန့်မိမှာ အသေအချာပါပဲ။ပြီးတော့ သူမက ကျွန်မတို့နဲ့ မဝေးတဲ့ သစ်ပင်နားမှာ ရပ်ပြီး သစ်ပင်ကို စစ်ဆေးကြည့်နေသလိုလုပ်နေပါတယ်။

သူမအနားမှာ ကျွန်မတို့လျှောက်လာတာကို သတိထားမိတော့ သူမကချက်ချင်း လှည့်ကြည့်လာတယ်။တကယ်ကို လှပကျော့ရှင်းလွန်းတဲ့ သူမရဲ့အလှကြောင့် ကျွန်မမှင်သက်ငေးမောမိသွားတယ်။

"ဝါး...ဘယ်လိုတောင် လှလိုက်တဲ့ ကောင်မလေးပါလိမ့်"

ကျွန်မ မှင်သက်နေရင်း ကိုယ့်ဘာသာရေရွတ်မိတယ်။

ကျွန်မစကားကိုကြားတော့ သူမရဲ့ စင်ရော်မျက်ခုံးတွေက ‌မျက်မှောင်ကြုတ်သွားတယ်။

"ဘယ်သူ့ကို ကောင်မလေးလို့လာခေါ်နေတာလဲ"

ကျွန်မ မှင်သက်နေရာကနေ မြေကြီးပေါ် ပက်လက်လှန်ကျသွားသလိုခံစားလိုက်ရတယ်။သူမ....အ...အသံက ယောကျာ်းသံကြီး! ဟ...ဟား...ခုခေတ်လူငယ်တွေရဲ့ ဝါသနာကလည်းဘယ်လိုတွေပါလိမ့်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Место, где живут истории. Откройте их для себя