အခန်း-(၁၂၂) မင်းရဲ့ အနက်ရှိုင်းဆုံး အကြောက်တရား

124 23 4
                                        

Zawgyi


"ငါ မင်းတို့နှစ်ယောက်ကို စောင့်နေတာကြာပြီ" 

စူလော်က သူထိုင်နေတဲ့ ကုလားထိုင်ကို ညွှန်ပြလာတယ်။

ကျွန်မ မျက်ခုံးပင့်လိုက်တယ်။ 

"အမ်...ကျွန်မတို့ ဒီကိုလာမယ်ဆိုတာ ရှင်ဘယ်လိုသိနေတာလဲ ကျွန်မဖြင့်ဒီကိုလာတာ ကြုံလို့ဝင်လာလိုက်တဲ့ သဘောပဲ"

စူလော်ကပြုံးလာတာမို့ သူ့ မျက်ဝန်းတွေက ကွေးသွားပါတယ်။

"တိုက်ဆိုင်မှုဆိုတာ ကံကြမ္မာပါပဲ"

ပြောနေရင်း သူက ချောင်းဆိုးလာပြန်တယ်။

အဟွတ်...အဟွတ်...အဟွတ်!

ချောင်းဆိုးနေတဲ့ချိန် သူ့လက်ကို မြှောက်လိုက်တာကြောင့် ဝတ်ရုံဖြူအင်္ကျီစတွေက သူ့မျက်နှာကိုဖုံးကွယ်သွားပေမဲ့ နေမကောင်းဖြစ်နေတဲ့ သူ့ရောဂါလက္ခဏာကိုတော့ မဖုံးကွယ်ပေးနိုင်ပါဘူး။

ကျွန်မရြေှ့မင်နေရတဲ့ ဒီလူကို သနားတောင် သနားလာတယ်။သူက အရမ်းကိုလှနေပါတယ်။ဒါက MF နဲ့ဖန်တီးထားတဲ့ပုံမဟုတ်ပါဘူး။ပြောရရင် တားမြစ်ဇုန်မှာ သူနဲ့တူတဲ့ တခြားဘယ်သူမှ မရှိနိုင်ပါဘူး။ဒါနဲ့များ သူ့ကို ဘာကြောင့် ဒီလို နာကျင်အောင် လုပ်ရတာလဲ?

ပြောရရင် ဝိညာဉ်ခွဲထုတ်သူတွေကို ကျွန်မ သဘောမကျပေမဲ့လည်း စူလော်ကတော့ သေဖို့မထိုက်တန်ဘူးလို့ ကျွန်မ ခံစားရတယ်။သူ့ဘဝက ခုလို တဖြည်းဖြည်းလုံးပါးပါးနေရင်တောင် သူက သေဖို့မထိုက်တန်ပါဘူး။

"ဒါက သေခါနီး လက္ခဏာလား" 

နျွယ့်ကျွမ်းက ပြုံးပြီး သူ့ဝိုင်ခွက်ထဲက အချိုရည်ကို သောက်နေပါတယ်။

ကျွန်မ နဖူးမှာ အေးစက်တဲ့ ချွေးတွေ ထွက်လာတယ်။ 

ရှင်ဒီလို ဒဲ့တိုးပြောရမှကိုဖြစ်မှာလား?

အံ့သြဖို့ကောင်းတာက စူလော်က ပြုံးပြီးဖြေလာတယ်။

"ဒါပေါ့"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now