အခန်း-(၁၄၅) ယုလန်းရဲ့အကင်းပါးမှု

113 22 2
                                        

Zawgyi

အခန်း-(၁၄၅) ယုန်းရဲ့အကင်းပါးမှု

ကျွန်မ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ အပျက်အစီးတွေချည်းပါပဲ။

အဲ့ဒီအိပ်မက်က ရှည်လျားတယ်လို့ ခံစားခဲ့ရပေမဲ့ အချိန်တွေ သိပ်မကြာလိုက်ပါဘူး။

ကျွန်မတို့ စစချင်းရှိခဲ့တဲ့အခန်းထဲကြည့်လိုက်တော့ ကျောက်S နဲ့ ကျွန်မက အခုဆိုရင် ကောင်းချင်းကျုံယဲ့နဲ့ စူလော်တို့ကို နံရံမှာရှိတဲ့အပေါက်ကြီးတစ်ခုကနေ တွေ့နေရပါတယ်။ကောင်းချင်းကျုံယဲ့က အရမ်းကိုအေးချမ်းတဲ့ပုံနဲ့ မျက်လုံးမှိတ်ထားတဲ့ စူလော်အနားမှာ ရှိနေပါတယ်။

ကျောက်Sက ကြမ်းပြင်ပေါ်မှာ လှဲ လျောင်းနေဆဲဖြစ်ပြီး ကွမ်းနျွယ့်ကတော့ ကောင်းချင်းကျုံယဲ့ အနီးမှာ ဝပ်နေရင်း သွေးတွေ ပါးစပ်ထဲကထွက်လာနေပါတယ်။

ကျွန်မထဖို့ ရုန်းကန်ရင်း ပြတင်းပေါက်အောက်က နံရံကို မှီနေတဲ့ ယုလန်းကို တွေ့လိုက်ရတယ်။သူလည်း ဒဏ်ရာအပြင်းအထန်ရနေပုံပါ။

ကျွန်မမှတ်မိတာ မမှားရင် ကွမ်းနျွယ့်နဲ့ ကျွန်မ သူ့ကိုသုံးခဲ့တဲ့ နောက်ဆုံးတိုက်ခိုက်မှုက ဒီလောက်ထိ ထိခိုက်မှု မရှိခဲ့ပါဘူး။ဒါပေမဲ့ သူဘာလို့ ဒီလောက်ကြီး ဆိုးဆိုးရွားရွား ထိခိုက်သွားရတာလဲ?

ကျွန်မ တုန်လှုပ်သွားပြီး သူ့ရှေ့မှာ ထိုင်ချလိုက်တယ်။

သူက နားမလည်နိုင်တဲ့ အပြုံးနဲ့ ကျွန်မကို မော့ကြည့်ရင်း သူ့နှုတ်ခမ်းထောင့်မှာလည်း သွေးစွန်းထင်းနေပါတယ်။

"လီ... လီရှန်း နောက်ဆုံးကျရင် မင်း ဆုံးရှုံးရမှာ အကြောက်ဆုံးအရာကို မင်း ဆုံးရှုံးရလိမ့်မယ်...မဟုတ်ဘူး... မင်း အခုထဲက ဆုံးရှုံးနေပြီ..."

သူအဲ့စကားပြောပြီးတာနဲ့ သူ့ပတ်ဝန်းကျင်မှာ အလင်းတန်းတစ်ခုပေါ်လာတယ်။

အလင်းတန်းပေါ်လာပြီးတာနဲ့ သူ့အပေါ်မှာ ရေခဲအလွှာတစ်ခု ပေါ်လာပြီး ဖြည်းဖြည်းချင်း ဖုံးအုပ်သွားတာမို့ နောက်ဆုံးမှာ သူ့ကို လုံးဝ အေးခဲသွားစေပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now