အခန်း-(၁၄၆) သူ့ကို လိုက်ရှာမှာ မဟုတ်ဘူးလား?

113 22 4
                                        

Zawgyi

အခန်း-(၁၄၆) သူ့ကို လိုက်ရှာမှာဟုတ်ဘူးလား?

ကျောက်Sက ဖြည်းဖြည်းချင်းခေါင်းညိတ်ပြလာတယ်။ 

"မှန်တယ်...ဒါက လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး ဒါပေမဲ့ ဒီလိုဖြစ်လာပြီဆိုတော့ ကျွန်မတို့မှာ ရွေးချယ်စရာမရှိဘူးလို့ ထင်တယ် ပြောရရင်ကွမ်းနျွယ့်ရဲ့ဒဏ်ရာကပြင်းလွန်းတယ်...ကောင်းချင်းကျုံယဲ့ ရှင် သူ့ကို လုံးဝ ဂရုမစိုက်တော့ဘူးလား"

ကွမ်းနျွယ့်နဲ့ ကျောက်Sတို့က သူတို့ ကိုယ်ပိုင်ရည်ရွယ်ချက်တွေကြောင့် အတူပူးပေါင်း လုပ်ခဲ့‌ကြတာမို့ ကွမ်းနျွယ့်နဲ့အချိန်အတော်ကြာ အလုပ်လုပ်ပြီးတဲ့နောက် ကွမ်းနျွယ့်ကို ကာကွယ်ချင်တဲ့ ကျောက်Sရဲ့ ဆန္ဒကို ကျွန်မ နားလည်နိုင်ပါတယ်။

ကောင်းချင်းကျုံယဲ့က ကျောက်Sကို အေးစက်တဲ့အကြည့်တွေ ပစ်လွှတ်လာတယ်။ 

"ငါက သူ့ကို ဂရုစိုက် မစိုက်ဆိုတာ အရေးကြီးနေတာလား? သူ ကလေးမဟုတ်တော့ဘူး...သူဒီလို အစွန်းရောက်တဲ့ လုပ်ရပ်တွေကိုဆက်လုပ်နေတာကလည်း ငါ့ဆီက အာရုံစိုက်ခံရဖို့ပဲ မဟုတ်လား? ငါ့မျက်လုံးထဲမှာ စူလော်ကလွဲလို့ တခြားဘယ်သူမှမရှိဘူးဆိုတာကို သူသိပြီးသား"

အဲ့စကားပြောပြီးတဲ့နောက် ကောင်းချင်းကျုံယဲ့က သူ့ကိုယ်သူ မသေချာသလိုနဲ့ ကျွန်မကို ဖျတ်ခနဲ ခိုးကြည့်လာတယ်။

ကျောက်Sက ကွမ်းနျွယ့်ကို ညွှန်ပြပြီးဆက်ပြောလာတယ်။

"သူက ရှင့်ကို ကူညီဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့တယ် ဒါကြောင့် ရှင် သူ့ကို ဒီလိုမျိုး ထားခဲ့လို့မရဘူး သူ့ကိုကယ်တင်နိုင်တဲ့ ဝိညာဉ်ခွဲထုတ်သူတွေ မြောက်ဘက်ခရိုင်မှာရှိတယ်လို့ ရှင်ပြောခဲ့တာဆိုတော့ ရှင် ကျွန်မတို့ကို အဲ့ဒီကို ခေါ်သွားပေးမလား?-

ကျွန်မတို့တွေ သဲလွန်စရှာဖို့ စမ်းသပ်ခန်းကို အရင်ဆုံးသွားကြမယ် ပြီးရင် ဆုန်းလုကိုရှာဖို့ မြောက်ဘက်ခရိုင်ကို သွားမှရမယ်...တကယ်လို့ ဆုန်းလုက ယုလန်းကို ပုံမှန်အခြေအနေ ပြန်ရောက်အောင်လုပ်နိုင်ခဲ့ရင် ယုလန်းက သူ့ရဲ့ ခွဲထုတ်သော့ကိုထုတ်ယူပြီး စူလော်ပြန်ကောင်းလာအောင် ကူညီနိုင်မယ်မဟုတ်လား"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now