Special Chapter- လက်ဖဝါးပြင်မှာ လက္ခဏာအမှတ်အသား မရှိတဲ့ကောင်လေး(Part 2)

139 28 0
                                        

Zawgyi

က်ဝါးင်ြမှာက္ခဏာမှတ်အသားရှိတဲ့ကောင်လေး(Part 2)

နျွယ့်ကျွမ်းရဲ့ရှုထောင့်

"မင်းဘာတွေစဉ်းစားနေတာလဲ နျွယ့်ကျွမ်း"

ရုတ်တရက် ကျွန်တော့်မျက်စိရှေ့မှာ လူတစ်ယောက်က သူ့လက်တွေကိုဝှေ့ယမ်းလာရင်း မေးလာတာပါ။

ကျွန်တော့်အသက်ဆယ့်သုံးနှစ်က အဖြစ်အပျက်ကို ပြန်အမှတ်ရသွားလို့ လန့်ဖျတ်နေတုန်း အသိဝင်လာတော့ ကျွန်တော့်ရှေ့မှာ ကျွန်တော့်ရဲ့ စိတ်ကျန်းမာရေးဆရာဝန်က ရပ်နေပါပြီ။

ကျွ‌န်တော့်ဆရာဝန် ကျဲပက ဒီခေတ်နဲ့ မသက်ဆိုင်တဲ့ ရှေးဟောင်း တရုတ်ရိုးရာဝတ်စုံဝတ်ထားပါတယ်။ပြီးတော့ နည်းနည်းရှည်နေတဲ့ သူ့ဆံပင်တွေကို ဆီရွှဲရွှဲနဲ့ လုံးဝပိပြားသပ်ရပ်နေအောင် ဖြီးသင်ထားပြီး ဘောင်အကြီးကြီးခတ်ထားတဲ့ မျက်မှန်ကိုလည်း တပ်ထားပါတယ်။

ကျွန်တော် တိုးတိုးလေး ခွီလိုက်မိတယ်။

"ဒေါက်တာကျဲ...မင်းဒီလိုပုံပဲ အမြဲဝတ်နေတာကြောင့် ခုထိချစ်သူမရ‌နိုင်သေးတာ‌ကို ငါမအံ့ဩတော့ပါဘူး"

ကျဲပက ရှက်သွားတဲ့ပုံနဲ့ အရှက်ပြေပြုံးလာတယ်။

"ငါ့ကိုပဲ လှောင်မနေနဲ့ နျွယ့်ကျွမ်း...မင်းရဲ့ အခြေအနေကော ဘယ်လိုလဲ ခုထိတစ်ပုံစံထဲတူတဲ့ အိပ်မက်တွေကို မက်နေတုန်းလား"

ဒီတော့ ကျွန်တော် မှိန်ဖျော့ဖျော့ပြုံးရင်း ပြန်ဖြေမိတယ်။

"အဲ့တာက ပြင်လို့မရတော့ဘူးလို့ထင်ပါတယ်"

ကျဲပက သူ့နှာခေါင်းပေါ်မှာ တံတားတစ်စင်းတည်ထားသလိုဖြစ်နေတဲ့ လေးလေးပင့်ပင့် မျက်မှန်ဘောင်ကြီးကို တွန်းတင်လိုက်တယ်။

"မင်း ယုံကြည်ချက်ရှိမြှဖစ်မယ်...နျွယ့်ရွှမ်းကတောင် ယုံယုံကြည်ကြည်နဲ့ မင်းကိုငါ့စီအပ်ထားတာကြောင့် ငါလည်းမင်းကို ကုပေးနိုင်မဲ့နည်းလမ်း သေချာပေါက်ရှာနေပါတယ်"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now