အခန်း-(၉၂) တိုက်ခိုက်ကြစို့!

122 26 0
                                        

Zawgyi


ရုံကျင့်ရဲ့ သရဲတစ္ဆအေသံက ဟာလာဟင်းလင်းဖြစ်နေတဲ့ အနောက်ဘက်ခရိုင်တစ်ခုလုံး ပျံ့နှံ့လာတယ်။

"တိုက်ခိုက်တာက ရှောင်လွှဲလို့ မရတော့ဘူးလို့ ငါထင်ပေမဲ့ ငါမင်းနဲ့ မတိုက်ခိုက်ချင်ဘူး တလိုင်... ဒါပေမဲ့ မင်းက အမှန်အတိုင်းပြောဖို့ ဆန္ဒမရှိတော့ ငါတို့မှာရွေးချယ်စရာမရှိတော့ဘူးပဲ"

ကျွန်မ ကြာပွတ်ကို ပြန်ချလိုက်တယ်။

"တိုက်ပွဲတစ်ခုစဖို့ ရှင်ဘာလို့အကြောင်းပြချက်တွေအများကြီးလိုနေတာလဲ....ကျွန်မ ခရိုင်မှာ စည်းမရှိကမ်းမရှိရောက်လာပြီး‌ အထက်စီးဆန်ဆန် လာတောင်းဆိုရဲမှတော့ ဒီလိုအခြေအနေတွေ ကြုံရမယ်ဆိုတာ ရှင်‌ကြိုတွေးထားသင့်တယ် ဒါကြောင့် နောင်တရမနေနဲ့!"

လေကြောထပ်မရှည်ချင်တော့တာကြောင့် ကျွန်မတုံ့ဆိုင်းမနေဘဲ ကြာပွတ်နဲ့ ယုံချီရှေ့ရိုက်ချပစ်လိုက်တယ်။

ရွှမ်း....!

ကျွန်မ ရိုက်ချလိုက်တာနဲ့ ခရမ်းရောင် အလင်းဓားသွားတွေက အရင်လို ကမောက်ကမ မဟုတ်ဘဲ သေသေသပ်သပ် လွင့်ပျံသွားပါတယ်။

မြေပြင်ပေါ်က အရိပ်ကလည်း တဟားဟားရယ်သံနဲ့အတူ ကျွန်မတို့ဆီ ရုတ်ချည်းချဉ်းကပ်လာတယ်။

နျွယ့်ကျွမ်းနဲ့ ကျွန်မတို့ နှစ်ယောက်လုံး အရိပ်နဲ့ ဝေးတဲ့ဘက်ရှောင်လိုက်တယ်။တလိုင်ကလည်းရှည်လျားသွယ်လျတဲ့ သူ့ခြေထောက်နဲ့ မြေပြင်ပေါ် ရွှတ်ခနဲ ခြေဖျားထောက်ခုန်လိုက်ပါတယ်။

နျွယ့်ကျွမ်းနဲ့ ကျွန်မရှောင်လိုက်တုန်း ဝံပုလွေသုံးကောင်ကလည်း ခရမ်းရောင် အလင်းဓားသွားကို ရှောင်လိုက်ပြီး ဟိန်းဟောက်သံနဲ့ ကျွန်မတို့ဆီချဉ်းကပ်လာနေပါတယ်။

ကျွန်မ မဲ့ပြုံးပြုံးပြီး ဘယ်ဘက်လက်ကောက်ဝတ်ကို လှည့်လိုက်တယ်။

အဲ့ချိန် ဝံပုလွေတွေရဲ့ နောက်ကခရမ်းရောင် အလင်းဓားသွားက သူတို့ကို တိုက်ခိုက်ဖို့ ပြန်လှည့်လာခဲ့ပါတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now