အခန်း-(၃၁) သဲလွန်စများ

182 33 0
                                        

Zawgyi

အခန်း-(၃၁) သဲလွန်စများ

နျွယ့်ကျွမ်းက ရုတ်တရက်ဝင်ပြောလာတယ်။

"တစ်ခြားကိစ္စတွေ ငါဂရုမစိုက်ဘူး...ဒါပေမဲ့ မင်းလက်ထဲက မိန်းကလေး...."

နျွယ့်ကျွမ်းက ပြောလက်စရပ်ပြီး မီဖူကို လက်ညှိုးညွှန်ပြတယ်။

"သူရဲ့ ကြာပွတ်မှာ ပြင်းထန်တဲ့ အဆိပ်တွေ‌ရှိနေတဲ့အပြင် သူကအဲ့တာနဲ့ တိုက်ခိုက်ဖို့ ဘယ်တော့မှ လက်မတွန့်တဲ့သူပဲ အဲ့လိုရက်စက်တဲ့ မိန်းကလေးမျိုးကို နောက်တစ်ကြိမ်ထပ်တွေ့ခဲ့ရင် ငါလွယ်လွယ်နဲ့ အလျှော့ပေးမှာ မဟုတ်ဘူး"

နျွယ့်ကျွမ်းက ဒေါသထွက်နေတဲ့ မီဖူကိုကြည့်ပြီး ပြတ်ပြတ်သားသားပြောလိုက်တာပါ။မီဖူကလည်း သူ့ကိုပြန်ကြည့်နေပေမဲ့ ကြောက်စိတ်ကြောင့် နှုတ်ခမ်းတွေက တုန်နေပါသေးတယ်။သူမကြည့်ရတာ ဒေါသလည်းထွက်သလို ကြောက်လဲကြောက်မိတာကြောင့် ဘာစကားမှ ဝင်မပြော‌လာပါဘူး။

ဟွမ်ချင်းရဲ့ အကြည့်တွေကလည်း ပြန်အေးစက်လာတယ်။

"နျွယ့်ကျွမ်း...မင်းအဲ့လောက်ထိတော့ ပြောစရာမလိုပါဘူး မီဖူက ငါတို့တောင်ဘက်ခရိုင်ရဲ့ နတ်ဘုရားမပဲ ဒါကြောင့် ခရိုင်မှူး စူလော်အပါအဝင် တစ်ခြားဘယ်သူမှ သူ့ကို ထိခိုက်အောင် မလုပ်ရဲကြဘူး တကယ်လို့ မင်းသာသူ့ကို တိုက်ခိုက်မယ်ဆိုရင် အေးအေးဆေးဆေး မလွတ်မြောက်နိုင်တဲ့သူက မင်းပဲဖြစ်နေမှာကို ငါစိုးရိမ်မိတယ်"

နျွယ့်ကျွမ်းက အောင်နိုင်သူတစ်ယောက်လို ပြုံးပြတယ်။ပြီး‌တော့ ဘာကိုမှ ဂရုမစိုက်တဲ့ သူ့ရဲ့ခပ်ချေချေပုံစံအတိုင်း ဟွမ်ချင်းနဲ့ မီဖူကို ပခုံးတွန့်ပြတယ်။

"ဒါဖြင့် ငါတို့တွေ စမ်းကြည့်ကြမလား? တကယ်လို့ မီဖူသာ လီရှန်းကို နောက်တစ်ကြိမ်ဒုက္ခပေးဖို့ကြိုးစားမယ်ဆိုရင် ငါတို့တွေ အဲ့တာကို စမ်းကြည့်ကြတာပေါ့"

နျွယ့်ကျွမ်းရဲ့ နောက်ဆုံးစကားလုံးက နွေးထွေးပြီး ဂရုစိုက်မှုအပြည့်ပါတဲ့ ချစ်သူတစ်ယောက်လို လေသံမျိုးပါ။ပြောရရင် 'ကိုယ်တို့တွေ နေထွက်ချိန်ကို တူတူသွားကြည့်ကြရအောင်'ဆိုတာမျိုးပေါ့။သူ့ရဲ့ အဲ့လိုရင်ခုန်စရာ နူးညံ့ဖွယ်လေသံကြောင့် ကျွန်မ မသိစိတ်က ရင်ခုန်လာမိပြန်တယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now