အခန်း-(၁၂) တစ်ကျော့ပြန် လူသတ်မှု

244 41 0
                                        

Unicode

ကျဲပကို ဈေးရုံရဲ့ ပထမထပ် အလယ်စင်တာမှာ အမြဲလိုလို တွေ့နိုင်ပါတယ်။သူက အရက်ဆိုင်ငယ်လေးဖွင့်ထားတာဖြစ်ပြီး တစ်ခါတစ်လေ ကော့တေးတွေကို ရောစပ်‌ပေးလေ့ရှိပါတယ်။သူ့ရဲ့ယဉ်ကျေးတဲ့ဆက်ဆံရေး အသွင်အပြင်ကြောင့် အမြဲလိုလို ဖြတ်သွားဖြတ်လာတွေက သူ့ဆိုင်ကို မျက်စိကျကြပါတယ်။

တားမြစ်ဇုန်အတွင်း ဒီလိုဆိုင်လေးရှိတာက မြို့သူမြို့သားတွေကို စိတ်ပျော်ရွှင်စေတဲ့ နေရာတစ်ခုဖြစ်စေခဲ့ပါတယ်။အစပိုင်းမှာတော့ လူတွေက သတ္တဝါမျိုးစပ် ပုံစံအစုံပြောင်းပြီးပျော်ပျော်ရွှင်ရွှင်‌နေထိုင်ကြပေမဲ့ နောက်ပိုင်းကျ သူတို့တွေက ငြီးငွေ့လာကြတယ်။သူတို့ရဲ့ ပုံစံအမှန်ပြန်ပြောင်းပြီး သာမန်လူတွေဘဝလိုပဲ နေထိုင်ကြပြန်တယ်။

လူ‌သားတွေနေထိုင်ကြတဲ့ တကယ့်ကမ္ဘာမှာ အချစ်ဆိုတာရှိပါတယ်။တားမြစ်ဇုန်မှာလည်း ရှိပါတယ်။လူအများစုက ဒီနေရာမှာ အချစ်စစ်ကို ရှာဖွေကြပါတယ်။သူတို့ချစ်တဲ့သူနဲ့ စိတ်တိုင်းကျ လွတ်လွတ်လပ်လပ်နေနိုင်ပေမဲ့ ကလေးယူဖို့တော့ မဖြစ်နိုင်ပါဘူး။ပြောရရင် အဲ့လိုကလေးပြုစုစောင့်ရှောက်ဖို့ စိတ်ပူစရာမလိုဘဲ ကိုယ်ချစ်ရသူနဲ့ ဘဝကိုပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ဆိုတာ လက်တွေ့ကမ္ဘာက လူအများစုလည်း ဖြစ်ချင်ကြတဲ့ ဆန္ဒပဲမဟုတ်လား။

ကျွန်မ ကျဲပရဲ့ ဝိုင်‌ဘားမှာထိုင်ပြီး သူရောစပ်ပေးမဲ့ ကော့တေးအသစ်ကို စောင့်နေပါတယ်။

"ကျွန်တော့်ရဲ့ လက်ရာအသစ် 'ခုတ်ဖြတ်ထားတဲ့ စွန့်ပစ်အညစ်အကြေး'ကို စမ်းကြည့်လို့ရပါပြီဗျာ"

ကျဲပက အနီရောင်ဖန်ခွက်တစ်ခုကို ကျွန်မရှေ့ချပေးလာသလို ဘေးနားက နျွယ့်ကျွမ်းကိုလည်းချပေးလာတယ်။

ကျွန်မ မျက်နှာရှုံ့မဲ့မိတယ်။

"ကျဲပ ကျွန်မရှင့်ကို အကြံပေးလို့ရမလား နာမည်ကို သာမန်ထက်ပိုကောင်းတဲ့နာမည်ရွေးပါလား မဟုတ်ရင် ဘယ်သူက လာသောက်ချင်ပါ့မလဲ"

နျွယ့်ကျွမ်းက ထပ်တလဲလဲ မြည်းစမ်းသောက်နေရင်း ဝင်ပြောလာတယ်။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Место, где живут истории. Откройте их для себя