အခန်း-(၁၃၂) ကျွန်မက သူတော်စင် မဟုတ်ဘူး

111 22 0
                                        

Zawgyi


"ကျွန်မ သူ့ကို သီးသန့်ပြောစရာရှိတာမို့ အစ်မခဏလောက်ရှောင်ပေးလို့ရမလား" 

မီဖူက ကျောက်Sဘက်ကို လှည့်ပြီး အေးစက်တဲ့အကြည့်နဲ့ ကြည့်ရင်းပြောလိုက်တာပါ။

ကျောက်Sက တစ်လက်မတောင် မရွေ့ပါဘူး။ပြောရရင် သူမကမျက်တောင်,တောင် တစ်ချက်မခတ်လာပါဘူး။

"မရဘူး"

ကျောက်S တိုးတိုးလေးပြောတာကိုကြည့်ရင်း မီဖူရဲ့မျက်နှာက ပိုနီရဲလာတယ်။

"အစ်မတို့ဘာဖြစ်နေကြတာလဲ ကျွန်မသိပါတယ် အစ်မတို့တွေက ကျွန်မခေါင်းမာပြီး မာနကြီးတာကို မုန်းနေကြတယ်ဆိုတာလေ ဒါပေမဲ့ ကျွန်မကလည်း အစ်မတို့ကိုမုန်းတယ်သိလား!"

မီဖူက ကျွန်မနဲ့ ကျောက်Sကို ဒေါသတကြီး လက်ညှိုးထိုးရင်းပြောနေတာပါ။

"ကျွန်မ ခေါင်းမာတာ ကျွန်မသိတယ် ဒါပေမဲ့ ဘာဖြစ်လဲ! ကျွန်မကတော့တစ်စုံတစ်ယောက်ကို ချစ်မိသွားပြီဆိုရင် အဲ့ဒီလူကို ထာဝရ သဘောကျနေမှာပဲ အစ်မတို့တောင်လုပ်နိုင်လို့လား?-

ပြီးတော့ အစ်မ လီရှန်း...အစ်မရဲ့ နျွယ့်ကျွမ်းဘယ်မှာလဲ  သူဘာလို့ အစ်မဘေးမှာမရှိတာလဲ...ကျွန်မကလေ ခေါင်းမာပေမဲ့ တစ်စုံတစ်ယောက်ကို ချစ်ရမှာကို မကြောက်ဘူး အစ်မကသာ နျွယ့်ကျွမ်းကို ကြိုက်နေတာ သိသာနေပေမဲ့ အစ်မအဲ့ဒါကိုဝန်မခံရဲဘူးမလား-

နောက်ပြီး အဲ့ဒီအချိန်က သူ့လက်ထဲက ကြောက်စရာကောင်းတဲ့ အစွမ်းကိုသုံးပြီး ကျွန်မကို လည်ပင်းညှစ်ခဲ့တာ အားလုံးကလည်း အစ်မအတွက်ပဲ!"

မီဖူက ကြောက်မက်ဖွယ်ကောင်းတဲ့ အဲ့ဒီအမှတ်တရကို ပြန်မှတ်မိလာအောင် လက်ဟန်အမူအရာသုံးပြီးတောင်ရှင်းပြနေပါတယ်။

"အစ်မကို ကာကွယ်ပေးနိုင်ဖို့ရာအားလုံးအတွက်ပဲ အရမ်းကြောက်စရာကောင်းတဲ့ ပုံစံပြောင်းသွားရတဲ့ နျွယ့်ကျွမ်းကို အစ်မက စွန့်လွှတ်လိုက်‌တော့မှာလား" 

မီဖူက သူမရှေ့ ချစ်ခြင်းမေတ္တာကို အရှုံးပေးနေတဲ့သူကိုမြင်နေရတာ သည်းမခံနိုင်ဖြစ်နေသလို ဒေါသတကြီးပြောနေတာပါ။

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Место, где живут истории. Откройте их для себя