အခန်း-(၅) ငကြောက်က ဘယ်သူလဲ

449 57 4
                                        

Unicode

ကျွန်မကျောပေါ်မှာလေးနဲ့မြားကိုလွယ်ရင်း အနောက်ဘက်ခရိုင်က လူနေအိမ်တွေဘက်ပြေးလာခဲ့တယ်။နေအိမ်တွေကသိသိသာသာ ကြီးမားလွန်းတာကြောင့် ရှင်တို့သာဆိုရင် မျက်စိတစ်ဆုံးမြင်နေရမှာပါ။ကျွန်မသွားတွေကို တင်းတင်းစေ့ရင်း အရှိန်မြန်ဖို့ရာအတွက် 5 MF သုံးလိုက်တယ်။အရှိန်အဟုန်နဲ့ ဖီးနစ်ငှက်တစ်ကောင်လိုပဲ ကျွန်မအဆောက်အဦးတွေကြားထဲဖြတ်လာတယ်။ကျွန်မနောက်မှာတော့ အနီရောင်မီးတောက်နေသလို လမ်းမရဲ့ ပုံရိပ်တွေကျန်ခဲ့တယ်။

ဘယ်လောက်ကြာကြာ ပြေးလွှားနေခဲ့မိတာလဲဆိုတာ မသိပေမဲ့ မည်းမှောင်နေတဲ့ ကောင်းကင်ကြီးကတော့ ကျွန်မနဲ့ နီးကပ်လာသလိုပါပဲ။နောက်ဆုံးကျမှ ကျွန်မဘေးမှာ လေတိုးနေတဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုပေါ်လာမှန်းသိတော့တဲ့အဖြစ်။

လိုဏ်ခေါင်းရဲ့ ဘေးဘက်ကိုကြည့်လိုက်တော့ ကျွန်မနဲ့အတူ အားစိုက်ပြီးပြေးနေတဲ့ နျွယ့်ကျွမ်းကိုတွေ့လိုက်ရတယ်။ဒီလောက်အရှိန်ပြင်းပြင်းနဲ့ ပြေးနေရတာတောင် သူ့မျက်နှာက ရွှတ်နောက်နောက်နဲ့ ပြုံးနိုင်သေးတယ်။

နျွယ့်ကျွမ်းရဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အသံကကျွန်မနားထဲတန်းရောက်လာတယ်။

"ဟေး လီရှန်း...မင်းဒီလိုအမြန်နှုန်းနဲ့ ပြေးနေတာ ငါ့ကို သတ်နေတာတော့ မဟုတ်ပါဘူးနော် ငါတို့တွေ မီတာ 500 ထက်ပိုကွာလို့ မရဘူးဆိုတာ မင်းကောင်းကောင်းသိပါတယ် မဟုတ်မှလွဲရော ဒါက ပရိုပို့စ်လုပ်နေတာလား? မင်းကို ခိုးပြေးခိုင်းချင်တဲ့သဘောလား?"

"ကျွန်မ ယုံချီကိုရှာဖို့လိုတယ် သူအခု အကယ်ဒမီကျောင်းမှာရှိနေလား"

ကျွန်မအေးစက်စက်ပြန်မေးလိုက်တယ်။

"မင်း အဲ့မိန်းကလေးကို တကယ်သဘောကျတဲ့ပုံပဲ ပြောရရင် မင်းခုလောက်ကြီး အသည်းအသန်ဖြစ်နေတာကို ငါအရင်ကတစ်ခါမှ မတွေ့ဖူးတာမို့"

ကြီးကြီးမားမားမဟုတ်တဲ့ ကိစ္စလိုပဲ နျွယ့်ကျွမ်းရဲ့ အသံကငြိမ်သက်နေတယ်။

"ဘာလဲ မင်းကြည့်ရတာ တစ်နေကုန်အိပ်ရာထဲပဲလှဲအိပ်နေဖို့ အစီအစဉ်မရှိတော့ဘူးလား"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Место, где живут истории. Откройте их для себя