အခန်း-(၉၅) အနောက်ဘက်ခရိုင်ပျောက်ကွယ်မှု

124 26 0
                                        

Zawgyi

အခန်း-(၉၅) အနောက်က်ရိုင်ပျောက်ကွယ်မှု

ကျွန်မဘက်ကို လှမ်းကြည့်နေတဲ့ နျွယ့်ကျွမ်းကို ပြန်လှည့်ကြည့်လိုက်တယ်။သူ့မျက်ဝန်းတွေက တောက်ပနေပြီး စူလော်အကြောင်းကြားရလို့ အံ့သြနေပုံမပေါ်ပါဘူး။

ကျောက်Sက သက်ပြင်းချလာပါတယ်။ 

"ကျွန်မသိနေပြီးသားဆိုပေမဲ့ မသေချာသေးတာကြောင့် အေးဆေးငြိမ်နေခဲ့တာပါ အခုရှင်က ပြောလာတယ်ဆိုတော့ အားလုံး သေချာရှင်းသွားပါပြီ-

ဒါပေမဲ့ တုယွဲ့ရဲ့စမ်းသပ်ချက်က ဘာလဲဆိုတာ ကျွန်မ မသိဘူး...သူ့အကြောင်း ကျွန်မဘာမှမသိသလို ရှင်တို့ဝိညာဉ် ခွဲထုတ်သူတွေအကြောင်းလည်း ကျွန်မသိပ်မသိပါဘူး-

ကျွန်မ သေချာသိတာတစ်ခုပဲရှိတယ် အဲ့တာက စူလော်ရဲ့ အခြေအနေဆိုးရွားလာတာက အရမ်းဆန်းကြယ်တဲ့ကိစ္စမို့ ကျွန်မသူ့ကိုကယ်တင်နိုင်မယ့်နည်းလမ်းရှာမြှဖစ်မယ်ဆိုတာပဲ"

ဒီတော့ ရုံကျင့်ရဲ့ငြီးတွားသံက အမှောင်ထုထဲမှာ ပေါ်လာပါတယ်။

"ဟီး ဟီး ဟီး ကိစ္စတွေပေါ်လက်စနဲ့ ထုတ်ဖော်ရမယ်ဆိုရင် တုယွဲ့ရဲ့ စမ်းသပ်ချက် ရည်ရွယ်ချက်ကို ငါပြောပြနိုင်တယ် သူ့ရည်ရွယ်ချက်က ဝိညာဉ်ခွဲထုတ်သူတွေကို သတ်ဖို့ နည်းလမ်းရှာနေတာဖြစ်ပြီး မင်းတို့လို သာမန်လူတွေကို ပစ်မှတ်ထားနေတာ မဟုတ်ဘူး...ဟဲ ဟဲ ဟဲ ဒါတွေအားလုံးအတွက် ငါတို့မှာ တလိုင်ရှိနေတာ ကျေးဇူးတင်ရမယ်"

တလိုင်ရဲ့အမူအရာက အေးစက်သွားပြီး နှုတ်ခမ်းတွေကို တင်းတင်းစေ့လိုက်ပါတယ်။

တလိုင်ဒီလိုဖြစ်သွားတာ ကျွန်မ တစ်ခါမှ မမြင်ဖူးလို့ အံ့ဩပြီးငေးကြည့်နေတုန်း ကောင်းချင်းကျုံယဲ့ကလည်း ကျွန်မလိုပဲ တအံ့တဩ‌ဖြစ်နေတာ မြင်လိုက်ရတယ်။

တစ္ဆသေရဲအသံက လေးတိလေးကန်ထွက်လာပြန်တယ်။

"မင်းသိပါတယ် တလိုင်...မင်းကြောင့် တုယွဲ့ ကနည်းလမ်းပေါင်းစုံ ကြိုးစားနေရတာလေ ပြောရရင် ဘယ်တော့မှ မသေနိုင်တဲ့ ဝိညာဉ်ခွဲထုတ်သူတွေကို သတ်နိုင်ဖို့ရာရယ် မင်းချစ်တဲ့သူ ပင်းယင်ကိုပါ သတ်ပစ်နိုင်မဲ့ နည်းလမ်းရှာနေရတယ်ဆိုတာ!"

တားမြစ်ဇုန် ဆယ့်သုံး(တားမြစ်ဇုန် ဆယ့်သုံး)[Book-1]Where stories live. Discover now