အခန်း (၁)

10.2K 515 4
                                    

အခန်း(၁) သွေးဆောင်ဖြားယောင်းတဲ့ပုံရိပ်တစ်ခု (၁)

"အဟွတ် အဟွတ်"

ချောင်မော့ယွီက သူမအိပ်ရန်ကြိုးစားနေစဉ် အိပ်ရာခင်းက သူမမျက်နှာကို ဖုံးနေကာ အသက်ရှူရန် ခက်ခဲလာသည်ဟု ခံစားလိုက်ရသည်။

သူမ အားစိုက်ထုတ်ကာ မျက်လုံးကို ဖွင့်လိုက်သော်လည်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် သတိလစ်မတတ် ဖြစ်သွားရပေ၏။

သူမ၏မျက်စိရှေ့၌ ကြည်လင်နေသည့် ပြတင်းပေါက်များနှင့် ရုံးခန်းတစ်ခန်းအပါအဝင် နေရာလွတ်အကျယ်ကြီး ရှိနေသည်။

နေရောင်ခြည်နွေးနွေးလေးက အခန်းကျယ်ကြီးသို့ ဖြာကျနေသည်။ အခန်းအတွင်းပိုင်း၌ အလွန်အမင်း သန့်ရှင်းသပ်ရပ်နေသောကြောင့် လေထဲ၌ လွင့်မျောနေသည့် ဖုန်မှုန့်တစ်စလေးကိုတောင် မမြင်ရပေ။

သူမ၏နံဘေး၌တော့ လက်တစ်ဖက် ရှိနေကာ အဖြူရောင်အင်္ကျီလက်ကို လက်ဖျံအထိဆွဲတင်ထားပြီး အလွန်အမင်း အရည်အသွေးကောင်းမွန်သည့် လက်ကြယ်သီးအား အသားပေး ဖော်ပြနေသကဲ့သို့ဖြစ်နေသည်။

ထိုရှည်လျားသည်လက်မောင်းကို ချီးကျူးနေရင်းဖြင့် ချောင်မော့ယွီက သူမ၏အကြည့်အား လက်ပိုင်ရှင်ဆီသို့ ရွေ့လိုက်လေသည်။

ထိုလက်ပိုင်ရှင်၏ ထူးချွန်ထက်မြက်ဟန်ရသည့် မျက်နှာပြင်အစိတ်ပိုင်းများဟာ မြင့်မြတ်ပြီး ခံစားချက်မရှိသည့် ပင်ကိုယ်စရိုက်ကို ပေါ်လွင်နေစေသည်။ ထိုလူက မျက်မှောင်အကြီးကြီး ကျုံ့ထားဟန်ရပြီး သူ၏မျက်ခုံးများဟာလည်း အလွန်အမင်း တွန့်ချိုးထားကာ မျက်နှာအရေးအကြောင်း အနည်းငယ်ပင် ပေါ်နေချေပြီ။

သူက အလွန်အမင်း မပျော်မရွှင်ဖြစ်နေဟန်ရသည်။ သူ့အရှေ့က မိန်းကလေးကို ကြည့်သောအကြည့်၌ အလွန်မုန်းတီးပြီးစက်ဆုပ်ရွံရှာနေသော အကြည့်တို့အား ရှင်းရှင်းလင်းလင်း မြင်နိုင်ပေသည်။ သူ၏ခန္ဓာကိုယ်က အန္တရာယ်ရှိသည့်အရှိန်အဝါတစ်မျိုး ထုတ်လွင့်နေပြီး ချောင်မော့ယွီက အကြောင်းအရင်းမရှိစွာ အေးစိမ့်မှုအား ခံစားလိုက်ရသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now