အပိုင်း ( ၁၀၈) အတိတ်ကိုစုံစမ်းခြင်း (၃)

4K 398 11
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

108
အပိုင်း ( ၁၀၈) အတိတ်ကိုစုံစမ်းခြင်း (၃)

မိတ်ကပ်များမရှိသဖြင့် အခုလေးတင်မှ မျက်နှာသစ်ထားဟန်တူသည်။ သူမသည် သူ့ဆီသို့ လာလည်သည့်အခါတိုင်း မိတ်ကပ်ထူထူ လိမ်းခြယ်ထားသည်နှင့် လုံးဝကွာခြားလေသည်။ ယခုမူ ရှင်းသန့်နေကာ သူမသည် သန့်ရှင်းစင်ကြယ်နေပြီး သူမ၏မျက်နှာပေါ်မှာ ဖုန်တစ်မှုန်ပင် မရှိနေချေ။ ဤသို့ဖြင့် သူမသည် တေးသွားကာရန်တစ်ခု နောက်လိုက်နေသည့်နှယ် သစ်တောဆီမှ တစ်လှမ်းချင်း လမ်းလျှောက်ကာ ထွက်လာလေသည်။

သူ့အသက်ရှူသံသည် သတိမထားမိလိုက်ခင်မှာပင် ပျော့ပြောင်းနေပြီး သူ့အကြည့်သည် သူမ နီးကပ်လာသည်နှင့်အမျှ သူမ၏ပုံသဏ္ဌာန်နောက် လိုက်ပါလာလေသည်။

သူမသည် သူ့မြင်ကွင်းမှနေ၍ တခြားဖက်ကိုသွားတော့မည်ကို သတိမထားမိခင်အထိ ငေးကြည့်နေမိသည်။

သူမ၏ရည်ရွယ်ချက်ကို သတိထားမိသွားပြီး သူ့မျက်နှာပေါ်တွင် မကျေနပ်ရိပ်တစ်ခု ပေါ်လာကာ အသံကျယ်ကျယ်ဖြင့် အော်ခေါ်လိုက်တော့သည်။

“ချောင်မော့ယွီ”

သူ့ခြေတံရှည်များသည် ခြေလှမ်းအနည်းငယ် အလျင်အမြန် လှမ်းအပြီးတွင် သူမကို မှီသွားလေသည်။

“ တစ်ယောက်ယောက်ကို လိုက်တဲ့အခါ စည်းရှိရမယ်ဆိုတာကိုတော့ သိသင့်ပါတယ်”

ချောင်မော့ယွီသည် ထိုစကားကိုကြားလိုက်ပြီး ရုတ်တရက် အော်ရယ်လိုက်လေသည်။

ကောက်ကျစ်သော အကြည့်တစ်ခုသည် သူမ၏မျက်လုံးတွင် ဖျက်ခနဲပေါ်လာပြီး သူမ၏စိတ်ကိုလဲ ပြောင်းလဲလိုက်လေသည်။

သူမသည် သူ့ကို လှည့်ကြည့်လိုက်လေသည်။

“ ဒီတော့ ကိုကိုရီချန် ကျွန်မ အောင်မြင်ခဲ့ရဲ့လား”

ထိုရင်းနှီးသော ချစ်စနိုးနာမည်ကို ကြားလိုက်ရပြီးနောက် ရှင်းရီချန်၏အသက်ရှူသံသည် လည်ချောင်းတွင် ဆို့နင့်သွားတော့သည်။

ယခုတွင် သူတို့သည် နီးနီးကပ်ကပ်ရပ်နေသည်။ သူ့ရှေ့ကမိန်းကလေး၏မျက်လုံးထဲတွင် သိမ်မွေ့သော အကြည့်တစ်ခုရှိနေပြီး သူမ၏မျက်နှာအမူအရာမှာ အလွန် ဖြူစင်လှပနေရာ ချောင်ရို့ဟွမ်ပင် သူမနှင့် နှိုင်းယှဥ်၍မရနိုင်ချေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now