အပိုင်း (၁၇၃) ခေါင်းဆောင်နေရာ လိုချင်တယ် (၁)

2.7K 290 3
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ-Yuuki

အပိုင်း (၁၇၃) ခေါင်းဆောင်နေရာ လိုချင်တယ် (၁)

သူမဆီမှာ တကယ်ပဲ ကလေးတစ်ယောက် ရှိနေတာပဲ။

ရှင်းရီချန်သည် ရုတ်တရက်အသက်ရှူရ ပိုခက်လာသကဲ့သို့ ခံစားလိုက်ရပြီး ရှေ့သို့ တစ်လှမ်းတိုးကာ ချောင်မော့ယွီထံ ချဥ်းကပ်သွားလိုက်ပြီး

“ မော့ယွီ ဒီကလေးရဲ့ အဖေက ဘယ်သူလဲ”

ငါလေးကို ဒီလိုတွေမေးပြီး စွပ်စွဲနေတာ မဟုတ်လားဟင်။ ယဲ့ဖေးချန်းကလည်း ဒီမှာရှိနေတဲ့ဟာကို သူပြောလိုက်တဲ့ပုံစံက ငါလေးကပဲ ရှင်းရီချန်နဲ့ အရင်က အတူတူအိပ်ခဲ့ဖူးတယ်လို့ ယဲ့ဖေးချန်းတော့ ထင်သွားတော့မှာပဲ။

ချောင်မော့ယွီသည် ဒေါသထွက်သွားပြီး

“ အရင်နေ့ကပဲ ရှင့်ကို အားလုံး ရှင်းပြခဲ့ပြီးပြီလေ၊ ဘာလို့ ကျွန်မကို ထပ်လာမေးနေတာလဲ၊ ဒီလိုမေးလိုက်တာကရော ဘာအဓိပ္ပာယ်လဲ၊ ကျွန်မ ရှင်နဲ့ ဘာမှ မပတ်သက်ခဲ့ဘူး”

သို့ရာတွင် ရှင်းရီချန် ပြန်မပြောခင်မှာပင် ယဲ့ဖေးချန်းက  အရင်ပြောလာ၏။ သူ့အကြည့်သည် ရှင်းရီချန်အပေါ် တည်ငြိမ်စွာ ကျရောက်နေပြီး ဂရုမစိုက်သည့် လေသံဖြင့် ပြောလိုက်၏။

“ဒီကလေးက ငါ့ကလေး”

ရှင်းရီချန်၏အကြည့်သည် လော့လော့နောက်သို့ လိုက်ပါသွားသည်ကို မြင်လိုက်ရချိန်တွင် ချောင်မော့ယွီသည် သည်ကိစ္စကို ရှင်းရှင်းလင်းလင်းဖြစ်အောင် ဖြေရှင်းဖို့လိုလာသည်ကို သိလိုက်၏။ သူမသည် ရှင်းရီချန်ကို ပြောလိုက်၏။

“ ခဏစောင့်”

ထို့နောက် သူမသည် အခန်းထဲသို့ အလျင်စလိုပြေးဝင်သွားလိုက်ပြီးနောက် လက်ထဲတွင် ဖိုင်တစ်ခုနှင့် ပြန်ထွက်လာခဲ့သည်။

“စီအီအိုရှင်း ကျွန်မ << အရုဏ်ဦးရဲ့လင်းရောင်ခြည်>> ဒရာမာ လူရွေးပွဲတုန်းက အချိန်ကို မှတ်မိလား၊ အဲနေ့က ကျွန်မရှင်နဲ့ သန့်စင်ခန်းမှာ တွေ့ခဲ့တယ်လေ၊ ပြီးတော့ ကျွန်မ ချော်လဲချင် ဟန်ဆောင်ခဲ့တယ်၊ တကယ်တော့ ကျွန်မ ရှင့်ဆံပင်ကို ရဖို့ နည်းလမ်းရှာခဲ့တာ”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now