အပိုင်း (၁၂၆) အချင်းချင်းကိုက်ကြခြင်း(၃)

3.3K 384 4
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

126

အပိုင်း (၁၂၆) အချင်းချင်းကိုက်ကြခြင်း(၃)

ယခုမူ သူမသည် ပြိုင်ပွဲတွင် ပထမရရန် ပန်းကုံးများနှင့် ပန်းခွေများကို မည်သည့်စျေးဖြင့်ရောင်းရချရမည်ကို စဥ်းစားရန်သာ လိုတော့သည်။

တခြားဖက်တွင် ချောင်ရို့ဟွမ်သည် သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကို သစ်ကြားသီးတစ်စုံ ရောင်းလိုက်သည်။ သူသည် ၁,၂၀၀ တန်သည့် သစ်ကြားသီးကို ၈၀၀ ဖြင့် ဝယ်ခဲ့လေသည်။ ဒါသည် ချောင်ရို့ဟွမ်အတွက် တာထွက်ကောင်းတစ်ခု ဖြစ်တော့သည်။

မှတ်ချက်ကဏ္ဍတွင် ချောင်ရို့ဟွမ်၏ဖန်များသည် ပီတိဖြာနေကြ၏။ သူတို့သည် အံ့ဩစရာကောင်းသည့် သူတို့၏နတ်ဘုရားမကို အားပေး ကြွားဝါနေကြလေသည်။ သူတို့သည် သူမသည် သရုပ်ဆောင်လည်း ကောင်းသလို စီးပွားရေးလုပ်သည့်အရည်အချင်းမှာလဲ အံ့ဩစရာကောင်းသည်ဟု ချီးမွမ်းခန်း ဖွင့်နေကြသည်။

ရှင်းဝမ်ရွှမ်းဖန်များ၏မှတ်ချက်ကဏ္ဍတွင် သူတို့သည်လည်း စိတ်ဓာတ်တက်ကြွနေကြလေသည်။ အကြောင်းမှာ သူမ၏စျေးဆိုင်တွင် အလွန်စျေးကြီးသည့် ရှီးပတီးမှိုများကို တွေ့လိုက်ရသောကြောင့်ပင်။

ဖန်များသည် ပထမရမည့်သူကို စတင် လောင်းကြေးထပ်ကြတော့၏။

ထိုဖန်များနှင့်ယှဥ်လျှင် ချောင်မော့ယွီ၏ဖန်များအားလုံးသည် သူမကို ကြိုးစားနှစ်သိမ့်နေကြသည်။ တစ်ဒေါ်လာသည်လည်း အရေးမကြီးကြောင်းနှင့် စင်စစ်တွင် သူမသည် ပရဟိတလုပ်နေခြင်း ဖြစ်ကြောင်း အားပေးနေကြသည်။ သူမ ဘယ်လောက်ပဲ ရသည်ဖြစ်စေ သူမသည် အကြောင်းဆုံးကြိုးစားရန်သာလိုသဖြင့် အဆင်ပြေကြောင်း ပြောနေကြသည်။

မနက်ပိုင်းတွင် တစ်စုံတစ်ယောက်သည် ရှင်းဝမ်ရွှမ်း၏ဆိုင်သို့ ရောက်လာလေသည်။

ရှင်းဝမ်ရွှမ်းသည် သခင်မလေးတစ်ယောက်ဖြစ်၏။ သူမသည် အရင်က သူအခန်းမျိုးကို သရုပ်ဆောင်ခဲ့ဖူးသော်လည်း ဤကဲ့သို့ စျေးမျိုးတွင် ဘာပြောရမည် မသိချေ။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now