အခန်း(၃၇) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၄)

4.1K 418 2
                                    

ဘာသာပြန်သူ - Yuu Ki

အခန်း(၃၇) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၄)

စူးရှသည့် အကြည့်များဖြင့် သတင်းထောက်များက ရှင်းရီချန်​၏ ကားကို ချက်ချင်း သတိပြုလိုက်မိကြသည်။ သူတို့​၏မျက်ဝန်းများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက် တောက်ပလာသည်။

ကြည့်ရတာ ဒီနေ့ရဲ့သတင်းတွေကတော့ အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတော့မှာပဲ။

စင်မြင့်ပေါ်၌ ဒါရိုက်တာက သရုပ်ဆောင်တစ်ဦးစီတိုင်းကို မိတ်ဆက်ပေးပြီးနောက် သတင်းထောက်တစ်ဦးက သူ့ကို

"ဒါရိုက်တာကျန်း "ရှန်းရှီ" ဒရမ်မာ ထုတ်လွှင့်နေတာ တစ်ပတ်တောင်ရှိပြီနော်၊ ဒရမ်မာရဲ့ လူကြည့်နှုန်းကလည်း အခုထုတ်လွှင့်နေတဲ့ဒရမ်မာတွေထဲ ကြည့်ရှုနှုန်းအများဆုံးပဲဆိုတော့ ဘယ်အရာကများ ဒီဒရမ်မာကို ဒီလောက်အထိ အောင်မြင်မှုရအောင် လုပ်ပေးနိုင်ခဲ့သလဲ၊ ဒီဒရမ်မာရဲ့ အဓိကသော့ချက်က ဘာများလဲဆိုတာကို ခင်ဗျား ကျွန်တော်တို့ကိုအရိပ်အမြွက်လေး နည်းနည်းလောက်ဖြစ်ဖြစ် ပြောပြပေးလို့ရမလား"

ဒါရိုက်တာကျန်း က

"ဒီဒရမ်မာရဲ့အောင်မြင်မှုတွေက လူတိုင်းရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်ပါဗျ၊ နောက် ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒရမ်မာကိုပဲ ဆက်လက် စောင့်ကြည့်ပေးဖို့ တောင်းဆိုချင်ပါတယ်"

သတင်းထောက်က မတတ်နိုင်လေဟန် ပြုံးလိုက်ပြီး မျှော်လင့်ထားသည့်အတိုင်း ဒါရိုက်တာကြီးဆီမှ ဘယ်အရာမှ မသိရလေတော့ စကားလမ်းကြောင်းလွှဲလိုက်ကာ ယဲ့ဖေးချန်းကို ဦးတည်လိုက်သည်။

"ရုပ်ရှင်ဧကရာဇ်ယဲ့ရေ ဇာတ်ညွှန်းအရ ခင်ဗျားမှာ ချစ်သူနှစ်ယောက်ရှိတယ်ပေါ့ဗျာ၊ ဒီနှစ်ယောက်မှာ ခင်ဗျား ဘယ်သူ့ကို ပိုနှစ်သက်လဲပေါ့၊ အချစ်ဦး "ဇီယန်"လား ဒါမှမဟုတ် နောက်ပိုင်းမှာ ပါလာမဲ့ ခင်ဗျားနဲ့တူတူ သက်ဆုံးတိုင် နေသွားရမဲ့ "ချိုးယွဲ့ "လား"

ယဲ့ဖေးချန်း​၏ အကြည့်များက နံဘေးမှ ရှင်းဝမ်းရွှမ်းပေါ်သို့ မသိမသာ ကျရောက်သွားပြီးနောက် စင်မြင့် အစွန်ဖျားလေး၌ ရပ်နေသည့် ချောင်မော့ယွီဆီသို့ ထပ်ကြည့်လိုက်သည်။ လူအုပ်ကြီးရဲ့အာရုံစိုက်မှုက ထိုအမျိုးသမီးနှစ်ဦးကြား စုန်ချည်ဆန်ချည် ကူးလူးသွားလာနေတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now