အပိုင်း (၁၄၇) ပြတ်စဲခြင်း (၂)

3.3K 333 5
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၄၇) ပြတ်စဲခြင်း (၂)

ရှင်းရီချန်သည် ထိုမေးခွန်းကြောင့် အမြဲလိုလို အခက်တွေ့ခဲ့ရလေသည်။ သူသည် ထိုကိစ္စကို အဖြေရှာမရသေးသော်လည်း ချောင်မော့ယွီ မမှားခဲ့သည်ကိုတော့ အနည်ဆုံး သူ အတည်ပြုနိုင်ခဲ့၏။ သူသည် ထိုအကြောင်းကို မေးရန် အခွင့်ရေးတစ်ခု ရှာဖွေရန် အမှန်ပင် လိုအပ်လေသည်။

ယခုမူ သူသည် ချောင်ရို့ဟွမ်၏ ရှုံ့မဲ့နေသည့်မျက်နှာကို စိုက်ကြည့်ရင်း သူတို့အတူရှိခဲ့စဥ်က သူမ၏နူးညံ့သိမ်မွေ့မှုနှင့် နားလည်ပေးတတ်မှုတို့ကို ရုတ်တရက် တွေးမိသွားလေသည်။

အချို့အရာများသည် ဖုံးကွယ်ထားသည်ကို ခွာချလိုက်မှ သေချာမြင်နိုင်ပေသည်။

သူသည် ရုတ်တရက် ဝမ်းနည်းသွားတော့သည်။ သူ့လေသံသည် အလွန်ချိနဲ့စွာ ထွက်လာလေသည်။

“ချောင်ရို့ဟွမ် လမ်းခွဲကြရအောင်”

“ ဘာအဓိပ်ပာယျလဲ”

ချောင်ရို့ဟွမ်သည် အထိတ်တလန့် မော့ကြည့်လိုက်လေသည်။

“ လမ်းခွဲကြရအောင်လို့ ပြောတာ”

ရှင်းရီချန်သည်  သူ၏တည်ငြိမ်သည့်အနေအထားကို ပြန်ရောက်သွားလေသည်။

“ ရှင်းမိသားစုနဲ့ ချောင် မိသားစုကြားက စပ်တူလုပ်ငန်းတွေက ငါတို့ ဆက်ဆံရေး ပြတ်စဲသွားတာကြောင့် ဘာမှ ထိခိုက်လာမှာမဟုတ်ဘူး၊ ငါ မင်းအဖေနဲ့ အစည်းအဝေးတစ်ခု လုပ်မှာပါ၊ ဒီကိစ္စက မင်းဆုံးဖြတ်လို့ရတဲ့ ကိစ္စမျိုးမဟုတ်ဘူး”

ချောင်ရို့ဟွမ်သည် မျက်ရည်များ စီးကျလာတော့သည်။

“ ရှင်က လမ်းခွဲမယ်ဆိုတာနဲ့ ကျွန်မတို့က ကွဲကြရောလားဟင်၊ ရှင်က ခံစားချက်တွေ မရှိတော့ဘူးလို့ ပြောလိုက်တာနဲ့ ခံစားချက်တွေက ပျောက်ကုန်ရောတဲ့လား၊ ရှင်းရီချန် ရှင့်မှာ နှလုံးသားရော ရှိသေးရဲ့လား၊ အဲဒီတုန်းက ရှင့်ကို ကယ်ခဲ့တဲ့သူက ဘယ်သူပဲဖြစ်နေပါစေ ဒီနှစ်တွေမှာ ရှင့်ကို အဖော်ပြုပေးခဲ့တာက ကျွန်မပါ၊ ကျွန်မရဲ့ ပထမဆုံးအရာအားလုံးကို ရှင့်ကို ပေးခဲ့ရတာ၊ ရှင့် ဘာလို့ ကျွန်မကို ဒီလိုလုပ်ရက်တာလဲ”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now