အပိုင်း (၆၄) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု (၄)

4K 386 0
                                    

ဘာသာပြန်သူ YuuKi

အပိုင်း (၆၄) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု (၄)

သူထုတ်ပြလိုက်သည်မှာ လူရွေးပွဲနေ့က ရိုက်ကူးထားသော ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့၏ ဇာတ်ဝင်ခန်းတစ်ခု ဖြစ်၏။

ဗွီဒီယိုတစ်လုံးသည် သုံးမိနစ်သာ ကြာသော်လည်း ထိုစုံတွဲ၏ သရုပ်ဆောင်ချက်မှ ဇာတ်လမ်းအရှိန် ၊ ကိုယ်အမူအရာ၊ မျက်လုံးအမူအရာ တို့က ချောင်မော့ယွီကို ရုပ်ရည်အားကိုးပြီး ရေမရှိသည့်အိုးတစ်လုံးလို ဝေဖန်နေကြသည့် ဖန်များကို ချက်ချင်း အရှက်ကွဲသွားစေလေသည်။

အကျိုးဆက်အနေဖြင့် အင်တာနက်သုံးသူ အချို့သည် ချောင်မော့ယွီ၏ သရုပ်ဆောင်စွမ်းရည်က အမှန်ပင်ကောင်းမွန်ပြီး သူမသည် ယဲ့ဖေးချန်းနှင့် သရုပ်ဆောင်ရာတွင် အလွန် လိုက်ဖက်ပြီး သူတို့နှစ်ဦးသည် အလွန် အရည်အချင်းပြည့်ဝကာ လှပချောမောကြောင်း မှတ်ချက်များ စတင် ရေးသားလာကြ၏။

နောက်ပိုင်းတွင် ရိုက်ကူးရေးအဖွဲ့က သူတို့တရားဝင်ဘလော့ဂ်ပေါ်တွင် အီးမေးလ်တစ်စောင်ကို စခရင်ရှော့ထားသည့် နောက်တစ်ပုံကို တင်လိုက်၏။ စာသည် ဘုရင်ခံနန်းတော်အတွက် လျှောက်လွှာမှတ်တမ်း တစ်ခုဖြစ်၏။ စာထဲတွင် ဘုရင်ခံနန်းတော် စီမံရေးရာ ကော်မတီမှ ဖော်ပြသည်မှာ လာရောက်လည်ပတ်သူအများအပြားရှိသဖြင့် သူတို့က နန်းတော်အတွင်းတွင် ရိုက်ကူးကို နှစ်ရက်တာ အသုံးပြုရန် ခွင့်ပြုထားပြီး အစီအစဥ်များကို ကြိုတင် အချိန်ဇယား ရေးဆွဲထားသာကြောင့် ပြောင်းလဲ၍မရပါ ဟူ၍ပါရှိသည်။

သည်အထောက်အထားနှစ်ခုက ဖန်များကို မကျေနပ်သွားစေသော်လည်း ကျိုးကြောင်း ဆင်ခြင်တတ်သူများမှာ နောက်ဆုံး လက်ခံပေးလိုက်ရတော့၏။

နောက်ဆုံး ထိုနေရာတွင် ဇာတ်ဝင်ခန်းအချို့ကိုသာ ရိုက်ကူးနိုင်ခဲ့ပြီး မင်းသား၏ ကိုယ်စားသရုပ်ဆောင်မှာ အရေးပေါ်ရောက်နေသောကြောင့် ယဲ့ဖေးချန်းကိုယ်တိုင် ထိုအခန်းကို ရိုက်ကူးခဲ့ရသည်။

ရလဒ်အနေဖြင့် ဖန်များသည် အာရုံပြောင်းသွားကြတော့သည်။

တချို့က ယဲ့ဖေးချန်း၏Weiboကို သွား၍  ပညာရှင်ပီသကြောင်း ချီးကျူးသည့်မှတ်ချက်များ ပေးကြပြီး ရိုက်ကူးရေးအဖွဲ့က သူ့အပေါ် မတရားသည်ကို မကျေမနပ်ကြောင်း အိမ်ပြန်ရောက်လျှင် သွားတိုက်ဖို့မမေ့ရန် ၊ ရေချိုးရန် စသည်ဖြင့် မှတ်ချက်များ ရေးသားခဲ့ကြသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now