အခန်း(၁၇) အွန်လိုင်းပေါ်၌မုန်တိုင်းထန်ခြင်း (၂)

4.3K 444 1
                                    

ဘာသာပြန်သူ Yuuki

အခန်း(၁၇) အွန်လိုင်းပေါ်၌မုန်တိုင်းထန်ခြင်း (၂)

“ဒီလိုဆိုရင် ကျုပ်တို့ ဘာမှမလုပ်ဘဲထိုင်ကြည့်နေရမယ်ပေါ့”

ဖေကြီးယဲ့က မေးသည်။

"ဟုတ်တယ်"

မစ္စတာဟွမ်က ခေါင်းညိတ်ပြလိုက်ပြီး

"ဒုသခင်လေးက အခု ရုပ်ရှင်လောကထဲမှာမလား၊ ဆိုလိုချင်တာက ဒီမြင့်မြတ်တဲ့ပုဂ္ဂိုလ်ဟာလည်း ဒီအသိုင်းအဝိုင်းကြားမှာ ရှိနေမှာပဲ၊ ဒါကြောင့် မစ္စတာယဲ့ ခင်ဗျားရဲ့လုပ်ငန်းတွေကို ဆက်ခံခိုင်းမဲ့အစား သူပျော်ရာလေးကို သူလုပ်စေဗျာ၊ မဟုတ်ရင် ခင်ဗျားသား တစ်သက်လုံး အထီးကျန်ပြီးသေသွားရလိမ့်မယ်နော်"

"ဟုတ်ပါပြီ အကြံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မစ္စတာဟွမ်ရေ"

ဖေကြီးယဲ့က သဘောတူလေဟန် ခေါင်းညိတ်ပြလိုက်သည်။

"မဟုတ်ပါဘူး ကျွန်တော်ကသာ ခင်ဗျားကို ကျေးဇူးတင်ရမှာ၊ ဒီလောကထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်နေခဲ့ပေမဲ့ ဒီလိုသန့်စင်လွန်းလှတဲ့ချီစွမ်းအင်ကို ခံစားမိဖို့ ခင်ဗျားက ကျုပ်ကို ရှားပါးတဲ့အခွင့်အရေးကြီး ပေးလိုက်တာဗျ၊ အခုနေ ဘာနောက်ဆံတင်းတာ ဘာညာတွေ မရှိတော့ဘူးဗျာ၊ ကြည့်ရတာ ကျုပ်ကိုယ်တိုင် ဒီထူးခြားပြီးသန့်စင်တဲ့လူက ဘယ်သူဖြစ်မလဲဆိုတာကို သွားရှာကြည့်သင့်တယ်လို့ထင်တယ်"

"ကောင်းသားပဲ တကယ်လို့ ခင်ဗျား ဒီလူကိုရှာတွေ့ရင် ကျုပ်တို့လုပ်ရမှာက ယဲ့ဖေးချန်းကို ပြောပြီး ဒီလူနဲ့ ရင်းရင်းနှီးနှီးနေခိုင်းရမယ် ဟုတ်တယ်ဟုတ်"

"အဲလောက်အထိ လုပ်ဖို့မလိုပါဘူးဗျာ ကမ္ဘာပေါ်မှာရှိတဲ့အရာအားလုံးက သူ့ဟာနဲ့သူ အကုန်လုံးရှိပြီးသားဗျ၊ တကယ်လို့ ဒီသန့်စင်တဲ့လူက ကျုပ်တို့ဒုသခင်လေးဘေးမှာ ရှိပြီး တစ်သက်လုံး တူတူနေသွားမယ်ဆိုရင် ဒီဟာက သူတို့မှာဖူးစာပါလာတယ်လို့ကံကြမ္မာကသတ်မှတ်ပြီးသားပဲ၊ ဒါပေမဲ့ ကျုပ်တို့တွေဝင်ရှုပ်မယ်ဆိုရင် ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်နော်၊ သေချာတာက ဒီသူက အခက်အခဲတွေနဲ့ရင်ဆိုင်ရတယ်ဆိုရင် မစ္စတာယဲ့ ကူညီပေးလို့ရပါတယ်၊ ဒါပေမဲ့ ဒုသခင်လေးကို အကျိုးဖြစ်စေဖို့ ဘေးကနေပဲ တိတ်တိတ်လေးကူညီပေးရမှာ"

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now